Main menu

Background

ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှု ဆက်လက်ကျဆင်း

Mon, 07/06/2015 - 21:27 -- journal_editor

ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှု သည် မေလအတွင်းက ကျဆင်းခဲ့ရာ ငါးလဆက်တိုက် ကျဆင်းခဲ့ပြီဖြစ်ပါ သည်။ ၂၀၁၅ ခုနှစ် မေလအတွင်းက ပြည်ပတင်ပို့မှုသည် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ငါးရာခိုင်နှုန်း လျော့နည်း၍ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄ ဘီလီယံ ရှိခဲ့ပါသည်။ ယခုနှစ် ပထမဆုံးငါးလအတွင်း တင်ပို့မှုအနေ ဖြင့်မူ ၄ ဒသမ ၂ ရာခိုင်နှုန်းကျဆင်း၍ အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၇ ဘီလီယံ ရှိခဲ့ပါသည်။ ကမ္ဘာ့ လယ်ယာ ထွက်ကုန် ဈေးနှုန်းများ ကျဆင်းနေသည့် အား လျော်စွာ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုသည် မေလ၌ ၂ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အထူး သဖြင့် ရော်ဘာတင်ပို့မှုသည် ၁၄ ဒသမ ၄ ရာခိုင်နှုန်းကျဆင်း၍ အမေရိကန် ဒေါ်လာသန်း ၃၇၀ သာရှိခဲ့ကြောင်း သိရှိရပါသည်။ ထို့အတူ သကြားတင်ပို့ မှုသည်လည်း ၂၂ ဒသမ ၈ ရာခိုင်နှုန်းကျ ဆင်း၍ အမေရိကန်ဒေါ်လာသန်း ၂၅၀ ရှိခဲ့ပြီး ပုစွန်တင်ပို့မှုသည် ၁၆ ဒသမ ၉ ရာခိုင်နှုန်းကျ ဆင်း၍ အမေ ရိကန်ဒေါ်လာ ၁၁၁ သန်းသာ ရှိခဲ့ပါ သည်။ မေလ၌ တင်သွင်းမှုသည်လည်း ၂၀ ရာခိုင်နှုန်းလျော့နည်း၍ အမေရိ ကန်ဒေါ်လာ ၁၆ ဘီလီယံဖြစ်ပါ သည်။ ယခုနှစ် ပထမငါးလအတွင်း တင်သွင်း မှုအနေဖြင့်မူ ၉ ဒသမ ၃၉ ရာခိုင်နှုန်း လျော့နည်း၍ အမေရိကန် ဒေါ်လာ ၈၅ ဒသမ ၄ ဘီလီယံဖြစ်ပါ သည်။ ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဟောင်ကောင်၊ တောင်ကိုရီး ယား၊ သြစတြေးလျ၊ တရုတ်(တိုင်ပေ) စသည့် အဓိကဈေး ကွက်များတွင် ၎င်းင်း၏ဈေးကွက်ဝေစုကို ဆက်လက် ထိန်းထားနိုင်ဆဲဖြစ်ကြောင်း ထို့ပြင် ထိုင်းနိုင်ငံ၏ ပြည်ပ တင်ပို့မှုကျဆင်း သည့်နှုန်းသည် သြစတြေးလျ၊ ပြင်သစ်၊ စင်ကာပူ၊ ဂျပန်၊ အမေရိကန်၊ တောင်ကို ရီးယားစသည့် နိုင်ငံများနှင့်နှိုင်းယှဉ် ပါက အတော်လေး နည်းပါးကြောင်း ကုန်သွယ်မှုမူဝါဒ နှင့်မဟာဗျူဟာဌာန ညွှန်ကြားရေးမှူး Mr. Somkiat က ပြောကြားခဲ့ပါသည်။ သို့ရာတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ် ဒုတိယနှစ်ဝက်တွင် ပြည်ပတင် ပို့မှု ပိုမိုကောင်းမွန်လာမည်ဟူသော မျှော်လင့်ချက်ဖြင့် ယခုနှစ်ပြည်ပတင်ပို့ မှု တိုးတက်နှုန်းခန့်မှန်းချက်ကို ၁ ဒသမ ၂ ရာခိုင်နှုန်းမှာပင် ဆက်လက်ထားရှိ ကြောင်း ထိုင်းနိုင်ငံဗဟိုဘဏ်သည် လည်း ၎င်းင်း၏ပြည်ပတင်ပို့မှု တိုးတက် နှုန်းခန့်မှန်းချက်ကို ပြောင်းလဲခြင်း မပြုဘဲ ၁ ဒသမ ၅ ရာခိုင်နှုန်းမှာပင် ဆက်လက်ထားရှိကြောင်း သိရှိရပါ သည်။

ရီရီမွန်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့