Main menu

Background

ဥရောပဗဟိုဘဏ်က ဂရိနိုင်ငံအတွက် အရေးပေါ်ချေးငွေပမာဏ ထပ်မံမတိုးရန်ဆုံးဖြတ်

Mon, 07/06/2015 - 21:30 -- journal_editor

ဂရိနိုင်ငံအတွက် အရေးပေါ်ချေးငွေပမာဏအား ထပ်မံတိုးမြှင့်ခြင်းမပြုရန်နှင့်ဇွန်လ ၂၆ ရက်နေ့က ချမှတ်ခဲ့သည့် ချေးငွေ ပမာဏအတိုင်း ဆက်လက်ထားရှိရန် ဇွန်လ၂၈ ရက်နေ့တွင် ဥရောပ ဗဟိုဘဏ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ ဘဏ္ဍာ ရေးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန် ဥရောပဗဟိုဘဏ်သည် ဂရိဘဏ်များနှင့်အနီးကပ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ဇွန်လ ၃၀ရက် သည် ဂရိဘဏ်များ၏ နိုင်ငံတကာချေးငွေ ပြန်လည်ပေး ဆပ်ရမည့် နောက်ဆုံးရက်ဖြစ်ပြီး အဆိုပါ နောက်ဆုံးရက်အား ထပ်မံရွှေ့ဆိုင်းမပေးနိုင်ကြောင်း၊ ယူရိုဇုန်အဖွဲ့ဝင်နိုင်ငံများက ငြင်းပယ်ခဲ့ပြီးနောက်  ဥရောပဗဟိုဘဏ်က ဂရိနိုင်ငံအတွက် အရေးပေါ်ချေးငွေပမာဏအား ထပ်မံတိုးမြှင့်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း  သိရှိရပါသည်။
ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့