Main menu

Background

စင်ကာပူနှင့်မလေးရှားနိုင်ငံအကြား နေ့စဉ်ခရီးတို ရထားစတင်ပြေးဆွဲ

Tue, 07/07/2015 - 19:37 -- journal_editor

 မလေးရှားနိုင်ငံ၌ ရထားပြေးဆွဲ မှုလုပ်ကိုင်လျက်ရှိသည့်Keretapi Tanah Melayu (KTM)ကုမ္ပဏီသည် နှစ်နိုင်ငံနယ်စပ် ဂျိုဟိုးရေလက်ကြား ကိုဖြတ်သန်းဆက်သွယ်ထားသည့်  Causeway  တာဘောင်ရထားလမ်းမှ တစ်ဆင့် စင်ကာပူနိုင်ငံရှိWoodlands  ရထားစစ်ဆေးရေးဂိတ်နှင့်မလေးရှား နိုင်ငံရှိ ဂျိုဟိုးမြို့JB Sentral ဘူတာရုံ တို့အကြား ခရီးတိုခေါက်ပြန်ရထား ပြေးဆွဲမှုကို ဇူလိုင်လ ၁ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ပါသည်။Shuttle Tebrau  ဟု အမည်ပေး ထားသော အဆိုပါ ရထားလမ်းကြောင်း ပြေးဆွဲမှုကို နေ့စဉ်ခရီးစဉ် ၁၄ ခုဖြင့် လုပ်ကိုင်ရာတွင် ဂျိုဟိုးဘက်ခြမ်း၌ နံနက်ပိုင်း ၅း၃၀၊ ရး၀၀၊၈း၃၀နှင့် ညနေပိုင်း၄း၀၀၊ ၅း၃၀၊ ရး၀၀၊ ၁၀း၀၀  နာရီအချိန်များတွင် ထွက်ခွာ မည်ဖြစ် သည်။ မလေးရှားနိုင်ငံဘက်မှ စတင် သည့်ခရီးစဉ်များအတွက် လက်မှတ် တစ်စောင်လျှင် ၅ မလေးရှားရင်းဂစ် (၁  ဒသမ ၈ စင်ကာပူဒေါ်လာခန့်) ကျသင့် မည်ဖြစ်ပြီး စင်ကာပူမှ ထွက်ခွာသည့် ခရီးစဉ်၌ လက်မှတ်တစ်စောင်လျှင် ၅ စင်ကာပူဒေါ်လာပေးချေရမည်ဖြစ် သည်။ ခရီးကြာမြင့်ချိန်မှာ ၅ မိနစ်မျှသာ ရှိပြီး ခရီးစဉ်တစ်ကြောင်းတွင် ခရီး သည် ၃၂၀ ဦးလိုက်ပါနိုင်မည်ဖြစ်ပါ သည်။
ယခင်ကမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့်စင်ကာပူရှိ ရထားစစ်ဆေးရေးဂိတ် အကြား ပြေးဆွဲခဲ့သည့် ရထားလမ်း ကြောင်းများမှာဂျိုဟိုးမြို့ရှိ Woodlandsူ ဘူတာရုံ၌သာ အဆုံးသတ်တော့မည် ဖြစ်ပါသည်။ ဤရထားလမ်း ခရီးတို ပြေးဆွဲမှုနှင့်ပတ်သက်၍ နံနက်ပိုင်းခရီး စဉ်များတွင် မလေးရှားဘက်ခြမ်းမှ လိုက် ပါစီးနင်းလိုသူ အရေအတွက်မှာ များပြားသော်လည်း စင်ကာပူဘက်မှ ခရီးသည်ပမာဏမှာ နည်းပါးလျက်ရှိ ကြောင်း၊ စင်ကာပူမှ ထွက်ခွာသည့် ခရီး လမ်းကြောင်းအတွက် လက်မှတ်ခမှာ လည်း ဈေးနှုန်းအနည်းငယ်များပြား ကြောင်း၊ မလေးရှားမှ စင်ကာပူသို့ ရထားလမ်းခရီးဖြင့် လာရောက်ရာတွင် ရထားပြောင်းလဲစီးနင်းရမည်ဖြစ်၍ ခရီးစဉ်အချိန်ကိုက်ညီ မှု မှာ လိုအပ်ချက် များရှိနေသေးကြောင်း၊ သို့သော် မော်တော်ယာဉ်ဖြင့် သွားလာပါက ကြုံတွေ့ရနိုင်မည့် လမ်းပိတ်ကြပ်မှုနှင့် အချိန်ကြန့်ကြာမှုတို့ကို ရှောင်လွှဲနိုင် မည်ဖြစ်ကြောင်းစသည်ဖြင့် ခရီးသွား လာသူအချို့ ၏ ပြောဆိုချ က်အား ှStraits Times သတင်းဌာနမှ ဖော်ပြ ပါသည်။Channel NewsAsia  သတင်း ဌာနကလည်း ယခုရထားပြေးဆွဲမှုမှာCauseway  တာဘောင်၌ ယာဉ်ကြော ပိတ်ဆို့မှုကို လျော့ပါးသက်သာစေ ဖွယ်ရာ မရှိသေးေ ကြာင်း ဖော်ပြပါ သည်။ စင်ကာပူနှင့် မလေးရှားနိုင်ငံ အကြားနေ့စဉ် ဖြတ်သန်းသွားလာသူ ခရီးသွားဦးရေမှာ နှစ်သိန်းကျော်ရှိပြီး ၎င်းင်းတို့အနေဖြင့် ခရီးသွားလာမှု အများ ဆုံး အချိန်ပိုင်းများ၌ ရထားခရီးစဉ် များ ပိုမိုတိုးချဲ့ လာရန် မျှော်လင့်လျက်ရှိကြ ပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့