Main menu

Background

ဂရိဘဏ်များ ပိတ်ပြီးနောက် ဥရောပရှယ်ယာဈေးနှုန်း များ၊ ငွေချေးစာချုပ် ဈေးနှုန်းများနှင့်ယူရိုငွေဈေးနှုန်းများ ကျဆင်း

Tue, 07/07/2015 - 19:37 -- journal_editor

ဂရိဘဏ်များအတွက် သက်တမ်းကုန်ဆုံးတော့မည့် ကယ်ဆယ် ရေးအစီအစဉ်ကို တစ်လထပ်မံသက်တမ်းတိုးပေးရန် ဂရိနိုင်ငံ၏ တောင်းဆိုချက်အား  ဇွန်လ ၂၇ ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ပြုလုပ်ခဲ့သည့် အစည်း အဝေး၌ ယူရိုဇုန်ဘဏ္ဍာရေး ဝန်ကြီးများကငြင်းပယ်ခဲ့ပါသည်။ ဇွန်လ ၂၈ ရက်တွင် ဂရိနိုင်ငံအတွက် အရေး ပေါ်ချေးငွေပမာဏအား ထပ်မံမတိုးရန် ဥရောပဗဟိုဘဏ်က ဆုံးဖြတ်ခဲ့ပါသည်။ ထို့နောက်ဂရိဘဏ်များတွင် ငွေများပြန်လည် ထုတ်ယူမှု ပိုမိုများ ပြားလာနိုင်သည့် အခြေအနေများကြောင့် ဂရိဘဏ် များ ပိတ်ခဲ့ရပါသည်။

ထိုသို့ ဂရိဘဏ်များ ပိတ်ပြီးနောက် ဥရောပရှယ်ယာဈေးနှုန်းများ၊ ငွေချေးစာချုပ်ဈေးနှုန်းများနှင့်ယူရိုငွေဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
ဇွန်လ ၂၉ ရက်၊ အစောပိုင်းအချိန်ကာလတွင် ှအသထထ နကမသစန ၆၀၀ ှုညိနထ သည် ၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ အလားတူ ယူရိုဇုန် အဖွဲ့ဝင်နိုင်ငံအချို့၏ ငွေချေးစာချုပ်ဈေးနှုန်းများလည်း ကျဆင်းခဲ့ပါ သည်။ ဇွန်လ ၂၉ရက် နံနက်ပိုင်းက ယူရိုငွေဈေးနှုန်းသည် အမေရိကန် ဒေါ်လာနှင့်လဲလှယ်ရာ၌ ပျမ်းမျှအားဖြင့် သုည ဒသမ ၇ ရာခိုင်နှုန်းကျ ဆင်းခဲ့ပြီး တစ်ယူရိုလျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၀၈၉ ခန့် ရှိခဲ့ပါ သည်။                                          

      ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊
     မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့