Main menu

Background

၂၀၁၆ ခုနှစ်အတွက် အနိမ့်ဆုံးတစ်နာရီ လုပ်အားခကို တောင်ကိုရီးယာတွင် ဝမ် ၆ç၀၃၀ သတ်မှတ်မည်

Mon, 07/20/2015 - 18:15 -- journal_editor

တောင်ကိုရီးယားနိုင်ငံတွင် လာ မည့်နှစ်အတွင်း တစ်နာရီ အနိမ့်ဆုံး လုပ်အားခကို လက်ရှိတစ် နာရီလုပ် အားခ ၅ç၅၈၀ ဝမ်ထက် ၄၅၀ ဝမ် (၈ ဒသမ ၁ ရာခိုင်နှုန်း) ပိုမို၍ ၆ç၀၃၀ ဝမ် (ဒေါ်လာ ၅ ဒသမ ၃၁) သို့ သတ်မှတ် သွားမည်ဖြစ်ကြောင်း  အနည်းဆုံးလုပ် အားခ   သတ်မှတ်ရေးကော်မရှင်၏ ဇူလိုင်လ ၈ ရက်နေ့တွင် ကျင်းပသော အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြသည်။ ယင်းနှုန်းထားသည်  ၂၀၁၄ ခုနှစ်က ယခုနှစ်အတွက်    သတ်မှတ်ခဲ့ သည့် နှုန်းထားဖြစ်သော ၃၇၀ ဝမ် (၇ ဒသမ ၁ ရာခိုင်နှုန်း)ထက်    အနည်းငယ် ပိုသာနေသည်။ ၂၀၁၆ ခုနှစ်အတွက် သတ်မှတ်လိုက်သည့် တစ်နာရီအနိမ့် ဆုံးလုပ်ခဖြင့်    လုပ်သားတစ်ဦးသည် တစ်လလျှင် ၂၀၉ နာရီ အလုပ်လုပ်ပါက ဝမ် ၁ç၂၆၀ç၂၇၀ (ဒေါ်လာ ၁ç၁၁၀) ရရှိနိုင်မည်ဖြစ်သည်။
ယင်းအစည်းအဝေးတွင် အဖွဲ့ ဝင် ၂၇ ဦးရှိသည့်အနက် ၁၈ ဦး   တက် ရောက်ခဲ့ကြပြီး    အလုပ်သမားများ ဘက်မှ ရပ်တည်သည့် အဖွဲ့ဝင် ကိုးဦး သည် ၎င်းင်းတို့တောင်းဆိုသည့်နှုန်းထား မရရှိသဖြင့် အစည်းအဝေးမှ ထွက်ခွာ ဆန္ဒပြခဲ့ကြသည်။ ၎င်းင်းအပြင် ကုန်သည် များနှင့်ကုန်ထုတ်လုပ်ငန်းရှင်များအား ကိုယ်စားပြုသည့် ကိုယ်စားလှယ်နှစ်ဦး ကလည်း အစည်းအဝေးမှ ထွက်ခွာဆန္ဒ ပြခဲ့သည်။
တောင်ကိုရီးယား    နိုင်ငံတွင် အနည်းဆုံး တစ်နာရီလုပ်အားခ စတင် သတ်မှတ်ခဲ့သည့်    ၁၉၈၈ ခုနှစ်မှစ၍ ရှစ်ရာခိုင်နှုန်းမှ  ၁၈ ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးမြှင့်သတ်မှတ်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ၂ ဒသမ ၇၅ ရာခိုင်နှုန်း၊ ၂၀၁၁ ခုနှစ်တွင် ၅ ဒသမ ၁ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ် ၆ ဒသမ သုည ရာခိုင်နှုန်း၊  ၂၀၁၃ ခုနှစ်တွင် ၆ ဒသမ ၁ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၇ ဒသမ ၁ ရာခိုင်နှုန်း စသဖြင့် နှစ်စဉ်တိုးမြှင့်သတ်မှတ်ခဲ့သည် ကို တွေ့ရသည်။ ယခုကဲ့သို့ မသတ်မှတ် မီ အစောပိုင်းကာလက အလုပ်သမား ကိုယ်စားလှယ်များသည် ၂၀၁၆ ခုနှစ် အတွက် အနည်းဆုံး တစ်နာရီလုပ်အားခ ကို ဝမ် ၁၀ç၀၀၀ သတ်မှတ်ပေးရန် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။
ယခုသတ်မှတ်ခဲ့သည့် ၂၀၁၆ ခုနှစ် အတွက် အနည်း ဆုံးတစ်နာရီလုပ်အားခ ၆ç၀၃၀ ဝမ်အား   အတည်ပြုရန် ဆွေး နွေးညှိနှိုင်းခြင်းကို ဇွန်လ ၂၉ ရက်နေ့က တည်းက   စတင်၍ အကြေအလည်ဆွေး နွေးခဲ့ကြခြင်း ဖြစ်သည်။   

သန့်ဇင်၊ စီးပွားရေးသံမှူး၊