Main menu

Background

ဘဏ္ဍာငွေထောက်ပံ့ပေးရေး အစီအစဉ်အား ဂရိနှင့်ယူရိုဇုန်တို့ သဘောတူညီချက်ရရှိ

Wed, 07/22/2015 - 16:20 -- journal_editor

  ဇူလိုင်လ ၁၃ ရက်နေ့က ဂရိနိုင်ငံ မှ ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများတွင်ပါဝင် ဆောင်ရွက်ပါမည် ဆိုသည့် သဘောတူညီမှု ရရှိပြီးနောက် ယူရိုဇုန် ခေါင်းဆောင်များသည် ဂရိနိုင်ငံ၏ဘဏ္ဍာရေးအကျပ်အတည်းများ အား ဖြေရှင်းပေးနိုင်ရေးအတွက် ဘဏ္ဍာငွေ ထောက်ပံ့ရေးစီမံချက် (bailout plan) ချမှတ်ပေးရန် သဘောတူညီခဲ့ကြသည်။ ၁၇ နာရီကြာ အကြိတ်အနယ် ဆွေးနွေး ညှိုနှိုင်းကြပြီးနောက် ဂရိဝန်ကြီးချုပ် အလက်ဇစ်ဆီပရပ်သည် ၎င်းယုံကြည် ရသော ယူရိုဇုန်မှမိတ်ဆွေများ ချမှတ် မည့် စီမံချက် ကို လက်ခံခဲ့သည်။ ယင်း စီမံချက်သည IMF  ၏ ပူးပေါင်းဆောင် ရွက်မှုဖြင့် စစ်ဆေးထားသည့် ဈေးကွက် အခြေပြု စီးပွားရေးဥပဒေအရ ပြုပြင် ပြောင်း လဲမှုများ ကို ဆောင်ရွက်သွားရ မည်ဖြစ်သည်။
ဂရိနိုင်ငံသည်ယင်းစီမံချက်ကို လက်ခံကျင့်သုံးမည့်သဘောတူညီချက်အား တုံ့ပြန်သည့်အနေဖြင့် သုံးနှစ်အတွင်းဘဏ္ဍာငွေအထောက်အပံ့ (bailout)  ယူရို ၈၆ ဘီလီယံ (ဒေါ်လာ ၉၆ ဘီလီယံ) ရရှိမည်ဖြစ်သည်။အဆိုပါ ဘဏ္ဍာငွေ အထောက်အပံ့သည် ဂရိအတွက် ငါးနှစ်အတွင်း တတိယ အကြိမ်မြောက် ရရှိခြင်းဖြစ်သည်။ အဆိုပါ ဘဏ္ဍာငွေအထောက်အပံ့ကို ယူရိုဇုန်တည်ငြိမ်ရေး စီမံခန့်ခွဲမှု ရန်ပုံ ငွေESM (Eurozone bailout fund  for  European Stability Management) မှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ယူရိုဇုန်ထိပ်သီးဆွေးနွေးပွဲက သဘော တူခဲ့ကြသည်။ဂရိနိုင်ငံအတွင်း ဘဏ်များ သည် ယူရိုငွေကြေး   ပြတ်လပ်လျက်ရှိသည့် အခြေအနေ သို့ ရောက်ရှိပြီး၊ ဂရိနိုင်ငံသည် ယူရိုငွေကြေးကိုသာအသုံးပြု လျက်ရှိသည့်  အီးယူအဖွဲ့မှ ခွဲထွက် သွားနိုင်သည့် အခြေအနေကို တားဆီး ရန်အတွက် ယခုကဲ့သို့ထောက်ပံ့ပေးရ ခြင်းဖြစ်သည်။ဂရိဝန်ကြီးချုပ်ဆီပရပ်က အဆိုပါ  အစီအစဉ်သည်   ဂရိနိုင်ငံ အတွက် ကောင်းမွန်ပါကြောင်း၊ သို့ သော် အချို့သောအချက်များသည် လွန်ခဲ့သောရက်သတ္တပတ်က ဂရိ ပြည်သူများ ကန့်ကွက်မဲပေးခဲ့ကြသည့် ဘဏ္ဍာရေး   ပြုပြင်ပြောင်းလဲမှုအစီ အစဉ်ထက်   ပိုမိုခက်ခဲစွာလိုက်နာ ဆောင်ရွက်ရမည့်ကဏ္ဍများ ရှိနေပါ ကြောင်း ပြောကြားခဲ့သည်။ ဂရိအစိုးရ သည် ယင်းတို့တာဝန်ယူသည့် ကာလ အတွင်း ဘဏ္ဍာငွေအထောက်အပံ့ နှစ်ကြိမ်ရယူခဲ့ခြင်းအတွက် လာမည့် ဇန်နဝါရီ လ ရွေးကောက်ပွဲ တွင် ပြည်သူူ  သို့ ပေးထားခဲ့သော ကတိကဝတ်များ တည်မြဲအောင် အကောင်အထည်ဖော် ရန် များစွာကြိုးစားရဦးမည်ဖြစ်သည်။
သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့