Main menu

Background

အမေရိကန်နိုင်ငံတွင် လက်လီရောင်းဝယ်ရေး လုပ်ငန်းများ၌ အလုပ်အကိုင်များ ပိုမိုရရှိ

Wed, 07/22/2015 - 16:24 -- journal_editor

အမေရိကန်နိုင်ငံ၏ စီးပွားရေး အခြေအနေ တိုးတက်လာသဖြင့် ယခုနှစ် ဇွန်လအတွင်း လက်လီရောင်းဝယ် ရေးလုပ်ငန်းကဏ္ဍ၌ ဝန်ထမ်းစုစုပေါင်း ၂၂၀၉၀၀ ဦးခန့်အပ်နိုင်ခဲ့သဖြင့် တစ်လလျှင် ပျမ်းမျှအားဖြင့် အလုပ်အကိုင်သစ် ၂၁၀၀၀၀ ခန့်အပ်နိုင်မှုမှာ တတိယမြောက်လဖြစ်ကြောင်းNational Retailer Federation (NRF) မှ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါသည်။
ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက လက်လီရောင်းဝယ်ရေး   လုပ်ငန်းကဏ္ဍတွင် အလုပ်နေရာပေါင်း ၂၁၂ç၀၀၀ တိုးတက်ခန့်အပ်နိုင်ပါသည်။ ဆောက်လုပ်ရေးပစ္စည်းများနှင့်အားကစားပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်း တို့မှအပ အခြားအဓိကကျသည့် စီးပွားရေးလုပ်ငန်းများတွင် အလုပ်အကိုင်များ ပိုမိုရရှိကြပါသည်။ အလုပ်သမား ဝန်ကြီးဌာန Bareau of Laborand and Statistics  ၏စာရင်းအင်းများအရ ဇွန်လတွင် အလုပ်အကိုင် နေရာပေါင်း ၂၂၃၀၀၀၀ ခန့်အပ်ခဲ့ကြောင်း သိရှိရပါသည်။                                   
အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဝါရှင်တန်မြို့