Main menu

Background

ရော်ဘာအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွင် ဗီယက်နမ်နိုင်ငံ ပါဝင်လာရန် ထိုင်းနိုင်ငံစည်းရုံးမည်

Mon, 07/27/2015 - 19:58 -- journal_editor

အတွဲ(၁၅)၊ အမှတ် (၂၈)

ထိုင်းနိုင်ငံသည် လာမည့် ရက်သတ္တပတ်တွင် ဗန်ကောက်မြို့၌ ကျင်းပမည့် ပူးတွဲကုန်သွယ်ရေး အစည်းအဝေး ၌ ဗီယက်နမ်အား International Rubber Consortium Ltd. (IRCo) တွင် ပါဝင်ရန် စည်းရုံးမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံ နှင့်ကုန်သွယ်မှု ပမာဏကို လာမည့်ငါး နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ တိုးမြှင့်ရန် ကြိုးပမ်းလျက် ရှိပါသည်။
ထိုင်းနှင့်ဗီယက်နမ်တို့၏ ဒုတိယ အကြိမ်မြောက် ကုန်သွယ်ရေးပူးတွဲ ကော်မတီ အစည်းအဝေးတွင် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မြှင့်တင် ရန်နှင့်အဆင်ပြေချောမွေ့စေရန် နည်း လမ်းများ ဖော်ထုတ်နိုင်ရေး ကြိုးပမ်း သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာချတ်ချိုင်း ကပြောကြားခဲ့ ပါသည်။
ထိုင်းနှင့်  ဗီယက်နမ်နှစ်နိုင်ငံ အစိုးရတို့အနေဖြင့် ဆန်၊ ရော်ဘာ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ သတင်း အချက်အလက်ဖလှယ်ရေး၊ သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှုများ စသည် တို့တွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် ဆွေးနွေးကြမည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံအစိုးရသည် ဗီယက်နမ်အားIRCo ၏ အဖွဲ့ဝင်သစ်ဖြစ်လာစေရန် စည်းရုံးမည်ဖြစ်ကြောင်း မစ္စတာ ချတ်ချိုင်းကပြောကြားခဲ့ပါသည်။
IRCo ကို၂၀၁၄ ခုနှစ်၌ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့မှ ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၂၂၅ သန်းဖြင့် ဖွဲ့စည်းခဲ့ပြီး တရားဝင်မှတ်ပုံ တင်ခဲ့ပါသည်။ ကမ္ဘာ့ရော်ဘာထုတ်လုပ် မှု   တန်ချိန် ၁၂ ဒသမ ဝ၇ သန်း အနက်တန်ချိန် ၈ ဒသမ ၁၄ သန်းကို အဆိုပါသုံးနိုင်ငံမှ ထုတ်လုပ်ကြပြီး ထိုင်းနိုင်ငံမှ တန်ချိန် ၄ ဒသမ ၃၂ သန်း၊ အင်ဒိုနီးရှားနိုင်ငံမှ တန်ချိန် ၃ ဒသမ ၁၅ သန်း၊ မလေးရှားနိုင်ငံမှ တန်ချိန် ၆၆၉çဝဝဝ အသီးသီးထုတ်လုပ်ကြပါ သည်။
ဗီယက်နမ်၏ ရော်ဘာစိမ်း ထုတ် လုပ်မှုသည် တန်ချိန် ၉၅၃ç၇၀ဝ ဖြစ် ကြောင်း၊ ကမ္ဘာ့ရော်ဘာစိမ်း ဝယ်လို အားသည် ပိုမိုတိုးတက်လျက်ရှိရာ ဗီယက်နမ်အနေဖြင့် ရော်ဘာပိုမိုတင်ပို့ နိုင်ရန်အတွက် ရော်ဘာစိုက်ပျိုးမှု တိုး ချဲ့ရန် တွန်းအားပေးလျက်ရှိကြောင်း၊ ဗီယက်နမ်အစိုးရသည် ရော်ဘာ စိုက်ပျိုးဧရိယာ ၈၀ဝçဝဝဝ ဟက်တာ အထိ တိုးချဲ့ပြီး၊ ရော်ဘာစိမ်း တန်ချိန် ၁ ဒသမ ၁ သန်းမှ ၁ ဒသမ ၂ သန်းအထိ ထုတ်လုပ်ရန် စီမံကိန်းများ ရေးဆွဲပြီး ဖြစ်ကြောင်း သိရှိရပါသည်။
ထို့ပြင် ထိုင်းနိုင်ငံအစိုးရသည် ထိုင်းကူးသန်းရောင်းဝယ်ရေးဘဏ်များ ၏ ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ရာတွင် အဆင်ပြေစေရေးအတွက် ဗီယက်နမ် နိုင်ငံ၌   ကူညီဆောင်ရွက်ပေးရန် ဗီယက်နမ်အား မေတ္တာရပ်ခံမည်ဖြစ် ကြောင်း မစ္စတာချတ်ချိုင်းကပြောကြား ခဲ့ပါသည်။
ထိုင်း-ဗီယက်နမ် နှစ်နိုင်ငံကုန် သွယ်မှုသည် ၂၀၁၄ ခုနှစ်၌ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၈၂ ဘီလီယံရှိပြီး၊ ထိုင်းနိုင်ငံမှ ဗီယက်နမ်သို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၈၈ ဘီလီယံရှိကြောင်း၊ ထိုင်းနိုင်ငံသည် ဗီယက်နမ်၌ ခရီးသွားလုပ်ငန်းနှင့်ဆက် စပ်လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ လယ်ယာထွက်ကုန်များ ပြုပြင်ထုတ် လုပ်ခြင်း၊ ပလတ်စတစ်၊ ကားအစိတ် အပိုင်းများစသည့်ကဏ္ဍများတွင် အများဆုံး ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း သိရှိရပါသည်။
ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့