Main menu

Background

ထိုင်းအကောက်ခွန်ဦးစီးဌာနမှ ကိုယ်ပိုင်ပစ္စည်းများအပေါ် ဘတ်နှစ်သောင်းဖိုးအထိ အခွန်ကင်းလွတ်ခွင့်ပြု

Mon, 07/27/2015 - 20:08 -- journal_editor

အတွဲ(၁၅)၊ အမှတ် (၂၈)

ထိုင်းနိုင်ငံ အကောက်ခွန်ဦးစီး ဌာနမှ ကိုယ်ပိုင်ပစ္စည်းများအပေါ် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် အခွန် ဖြေလျှော့ပေးခြင်း (အထေ ဘမနေု) ကို နှစ်ဆမြှင့်တင်၍ ဘတ် ၂၀çဝဝဝ ဖိုး အထိ ယူဆောင်ခွင့်ပြုလိုက်ပြီးဖြစ်ရာ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော ခရီးသည်များသည် လက်ဆောင်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် နာမည်ကျော် အမှတ်တံဆိပ်ကုန် ပစ္စည်းများကို ယူဆောင်လာနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါပြောင်းလဲမှုသည် ဘတ် ငွေတန်ဖိုးကျဆင်းခြင်းနှင့်ထိုင်းလူမျိုး များ ပြည်ပသို့ ဈေးဝယ်ထွက်ခြင်း စသည်တို့ကို တုံ့ပြန်သည့်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်Mr.Somchai  က ပြောကြားခဲ့ပါသည်။
အဆိုပါအခွန်ကင်းလွတ်ခွင့်ပြု ခြင်းသည် လေဆိပ်သို့ရောက်ရှိပြီး အခွန်လွတ်အရောင်းဆိုင်များတွင် ဈေးဝယ်သော (ထိုင်းနိုင်ငံသို့ လာသည့် ) ခရီးသည်များအတွက် ခွင့်ပြုပေးထား ခြင်းနှင့်ကိုက်ညီကြောင်း သိရှိရပါသည်။ ယူဆောင်လာသော ပစ္စည်းများသည် သတ်မှတ်ချက်ထက် ကျော်လွန်နေပါက (အကောက်ခွန်အရာရှိထံ၌) ကြေညာရမည်ဖြစ်ပြီး အခွန်ပေးဆောင်ရမည် ဖြစ်ပါသည်။ အကောက်ခွန် ကြေညာခြင်း မရှိသော(ကြေညာရန် ပျက်ကွက်သော) ပစ္စည်းများကို ဖမ်းဆီး အရေးယူ မည်ဖြစ်ပါသည်။ ပစ္စည်း ပိုင်ရှင်များသည် ပစ္စည်းတန်ဖိုး၏ လေးဆရှိသော ငွေပမာဏနှင့်အခွန် ပေးဆောင်ရမည်ဖြစ်ပါသည်။
အခြားသော ကုန်စည်အမျိုး အစားများအပေါ် ဖြေလျှော့ပေးသော် လည်း ဆေးလိပ်နှင့်အရက်အပေါ် ကန့် သတ်ချက်သည် ပြောင်းလဲခြင်းမရှိ ကြောင်း၊ ခရီးသည်များအနေဖြင့် ကိုယ်တိုင်သုံးအတွက် အရက်တစ်လီတာ နှင့် စီးကရက်အလိပ် ၂၀ဝ သို့မဟုတ် စီးကရက်၊ ဆေးပြင်းလိပ်နှင့်သို့မဟုတ် ဆေးလိပ်  (tobacco) စုစုပေါင်း ၂၅၀ ဂရမ်သာ ယူဆောင်လာခွင့်ရှိကြောင်း သိရှိရပါသည်။
ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့