Main menu

Background

ဂရိဘဏ္ဍာရေးပြဿနာနှင့်စပ်လျဉ်းသော အရေးပေါ် ထိပ်သီးအစည်းအဝေး ကျင်းပ

Mon, 07/27/2015 - 20:24 -- journal_editor

အတွဲ(၁၅)၊ အမှတ် (၂၈)

ဂရိဘဏ္ဍာရေးပြဿနာနှင့် စပ်လျဉ်းသော   အရေးပေါ်ထိပ်သီး အစည်းအဝေး  တစ်ရပ်အား ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ဇူလိုင်လ ၁၂ ရက်တွင် ထပ်မံကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ယူရို ဇုန်အကြီးအကဲများက ဂရိနိုင်ငံသို့ ဘဏ္ဍာငွေအကူအညီပေးရေးကိစ္စရပ် များအား ၁၇ နာရီကြာ ဆွေးနွေးခဲ့ကြပြီး နောက် ဂရိနိုင်ငံအား ဘဏ္ဍာငွေအကူ အညီပေးရန်နှင့်အပြန်အလှန်အား ဖြင့် ဂရိစီးပွားရေးပြုပြင်ပြောင်းလဲမှု အစီ အစဉ်များအား ဂရိအစိုးရက အတည်ပြု လိုက်နာဆောင်ရွက်ရန် စသည်တို့ကို သဘောတူညီခဲ့ကြပါသည်။
ယူရိုဇုန်ခေါင်းဆောင်များ လို လားသည့် ဂရိစီးပွားရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်များတွင် အခွန်များတိုး မြှင့်ကောက်ခံရန်၊ ပင်စင်လစာလျှော့ချ ရန်၊ အလုပ်သမားဥပဒေများ ပြင်ဆင် ရန်နှင့်အစိုးရဘတ်ဂျတ် ဖြတ်တောက် ရန်စသည်တို့ ပါဝင်ပါသည်။ ဂရိနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ပြိုလဲမသွားစေရန် ကူညီထောက်ပံ့ငွေယူရို ၈၂ ဘီလီယံမှ ယူရို ၈၆ ဘီလီယံအထိ လိုအပ်နိုင် ကြောင်း နိုင်ငံတကာမြီရှင်များက ခန့် မှန်းထားပါသည်။
ဂရိနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင် ရာ ကယ်ဆယ်ကူညီရေးအစီအစဉ်သစ် အရ ယူရိုဇုန်အစိုးရများသည် ဂရိနိုင်ငံ အား သုံးနှစ်တာကာလအတွင်း ယူရို ၄၀ ဘီလီယံနှင့်ယူရို ၅၀ ဘီလီယံ အကြား ဘဏ္ဍာငွေထောက်ပံ့မှုပေးရန် ရည်မှန်းထားပါသည်။
ဖြူနှင်းဝတ်ရည် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့