Main menu

Background

ထိုင်းလေကြောင်းလိုင်းများအား အမေရိကန်သို့ ပျံသန်းခွင့် တားမြစ်

Fri, 08/07/2015 - 19:17 -- journal_editor

     အမေရိကန် လေကြောင်းဦးစီး ဌာန (Federal Aviation Admini- stration _ FAA) သည် ထိုင်းနိုင်ငံအား ၎င်းင်း၏လေယာဉ်ပျံသန်းမှု လုံခြုံရေး စံချိန်စံညွှန်းများတွင် အားနည်း ချက်/ ချို့ယွင်းချက်များ ရှိနေသည်ကို ဖြေရှင်း ရန် အချိန် ၆၅ ရက်ပေးထားကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး  Mr. Prajin ကပြောကြားခဲ့ပါသည်။ သတ်မှတ်ချိန်အတွင်း ချို့ယွင်းချက် များကို ပြင်ဆင်နိုင်ခြင်းမရှိပါက ထိုင်းလေယာဉ်များသည် အမေရိကန်သို့ ပျံသန်းမှု တားမြစ်ခြင်းကို ရင်ဆိုင်ရမည်ဖြစ်ပါသည်။ FAA သည် ထိုင်းနိုင်ငံ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန (Department of Civil Aviation _DCA) ၏ ဆောင်ရွက်မှုများကို ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ငါးရက်ကြာ စစ်ဆေးခဲ့ပါသည်။  Thai Airways International ESifh  Bangkok Airways   တို့ကိုလည်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
     အပြည်ပြည်ဆိုင်ရာ လေကြောင်း ပို့ဆောင်ရေးအဖွဲ့(Civil Aviation Organi- zation _ICAO) )က ချို့ယွင်းအားနည်းချက်များကို  ပြင်ဆင်ရန် ထိုင်းနိုင်ငံအား ရက်ပေါင်း ၉၀ ပေး ခဲ့သော်လည်း  DCA အနေဖြင့် သတ်မှတ် ရက်များအတွင်း ပြင်ဆင်နိုင်ခြင်းမရှိခဲ့သောကြောင့် ICAO မှ ထိုင်းနိုင်ငံ၏ လေကြောင်းပို့ဆောင်ရေးသည် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမ ရှိကြောင်း၊ အနီရောင်အလံအမှတ်အသားပြ၍ သတ်မှတ်ခဲ့ပြီးနောက်ပိုင်း FAA မှ စစ်ေ ဆးမှုများ ပြုလုပ်လာခြင်း ဖြစ်ပါသည်။ FAA မှ စစ်ဆေးတွေ့ရှိချက်များ ကို DCA ညွှန်ကြားရေးမှူးချုပ် အား နှုတ်ဖြင့် သတင်းပို့ပြီးဖြစ်ကြောင်း၊ လာမည့်ရက်ပေါင်း ၃၀ အတွင်း DCA သို့ တရားဝင်စာပို့ဖြင့် ပေးမည်ဖြစ် ေ ကြာင်း၊ FAA ၏ စစ်ဆေးတွေ့ရှိချက်များတွင်  လေကြောင်းလိုင်း များ၌ လေယာဉ်ဘေးကင်းလုံခြုံမှု စစ်ဆေးရန်   ဝန်ထမ်းလုံလောက်မှုမရှိခြင်း (ICAO မှလည်း တင်ပြသည့် စိုးရိမ်မှု) DCA ၏စစ်ဆေးရာတွင် အချို့သော နည်း လမ်း များ သည်  ခေတ်မမီခြင်း စသည်တို့ပါဝင်ကြောင်း သိရှိရပါသည်။ သတ်မှတ်ရက်ပြည့်ပါက FAA  သည် ၎င်းင်း၏နောက်ဆုံးအကြိမ် စစ်ဆေးမှုကို ရက်ပေါင်း ၃၀အတွင်းအပြီးသတ်၍ ထိုင်းနိုင်ငံ၏ လေကြောင်း ပို့ဆောင်ရေး စံချိန် စံညွှန်းများအပေါ် တရားဝင် အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ပေးမည်ဖြစ်ပါသည်။
        DCA သည် FAA ၏ စံချိန်စံညွှန်းများနှင့်ကိုက်ညီပါက အုပ်စုတစ်အဆင့် သတ်မှတ်ပေးမည်ဖြစ်ပါသည်။ အုပ်စုတစ်အဆင့် သတ်မှတ်ပါက ထိုင်း လေယာဉ်များ (Thai-registered carriers) အနေဖြင့် အမေရိကန်သို့ ပုံမှန် အတိုင်း ဆက်လက်ပျံသန်းနိုင်မည် ဖြစ်ပါသည်။ FAA ၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းမရှိပါဘဲ အုပ်စုနှစ်အဆင့် သတ်မှတ်ခြင်းခံရမည်ဆိုပါက ထိုင်း နိုင်ငံအနေဖြင့် ဝန်ဆောင်မှုအသစ် စတင်ခြင်း (လေကြောင်းပို့ဆောင်မှုခ ရီး စဉ်သစ်စတင်ခြင်း) ပြုလုပ်နိုင်မည် မဟုတ်ကြောင်း၊ အားနည်းချက်များကို ပြုပြင်နေသည့် ကာလအတွင်း လက်ရှိဝန်ဆောင်မှုများကိုလည်း ကန့်သတ်ထားမည်ဖြစ်ကြောင်း သိရှိရပါသည်။ DCA အနေဖြင့် ချို့ယွင်းအား နည်း ချက်များကို ပြုပြင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း၊၎င်းတို့၏ ဆောင်ရွက် မှုများကို FAA သို့ ပုံမှန်အသိပေး အကြောင်းကြား မည်ဖြစ်ကြောင်း၊ ပြဿဏနာဖြေရှင်းရန် သန္နိဋ္ဌာန်ချ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ထိုင်းနိုင်ငံသည် အဆ င့်လျော့ကျသွားမည် မဟုတ်ကြောင်း၊ FAA  က ထိုင်း လေကြောင်းလိုင်းများအား အုပ်စုနှစ် အဖြစ် သတ်မှတ်မည်ဆိုပါကလည်း အမေရိကန်သို့ ပျံသန်းပြေးဆွဲနေသည့် ထိုင်းလေယာဉ်များအပေါ်သာ အကျိုးသက်ရောက် မှုရှိမည်ြ ဖစ်ကြောင်း၊ အခြားနိုင်ငံများတွင် ကွဲပြားသော လေကြောင်းပို့ဆောင်ရေး စံချိန်စံညွှန်း များ ရှိသောကြောင့် ဖြစ်ကြောင်း ထိုင်း နိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး Mr. Prajin ကပြောကြားခဲ့ပါသည်။ FAA ၏ နောက်ဆုံး စစ်ေ ဆးချက်သည် ထိုင်းနိုင်ငံအတွက် အခြေအနေမကောင်းပါက Thai Airways သည် ဖြေရှင်းရန် နည်းလမ်းရှိပြီးဖြစ်ကြောင်း၊ ၎င်းင်း၏ဖောက်သည်များကို Star Alliance အဖွဲ့ဝင်များဖြစ်သော လေကြောင်းလိုင်းများသို့ လွှဲပြော င်းပေးရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့