Main menu

Background

ပထမအကြိမ် အမေရိကန်-ယူကရိန်း စီးပွားရေးဖိုရမ်ကျင်းပ

Fri, 08/07/2015 - 19:30 -- journal_editor

     ပထမအကြိမ်  အမေရိကန်-ယူကရိန်း စီးပွားရေးဖိုရမ်ကို အမေရိ ကန်နိုင်ငံ၊ ဝါရှင်တန်မြို့တွင် ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပခဲ့ပြီး ဇူလိုင်လ ၁၆ ရက်နေ့တွင် ပူးတွဲကြေညာချက် တစ်ရပ် ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါဖိုရမ် သို့  အမေရိကန် ဒုတိယသမ္မတ ဂျိုးဘီဒင်၊ ယူကရိန်းနိုင်ငံ ဝန်ကြီးချုပ် Mr.Arseniy Yatsenyuk ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး Ms. Penny Pritzker အမေရိ ကန်အစိုးရဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊  နှစ်နိုင်ငံမှ  စီးပွားရေး လုပ်ငန်းရှင်များ၊ ယူကရိန်းစိုက်ပျိုးရေး ဝန်ကြီးဌာနဝန်ကြီး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး နှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ အပါ အဝင် စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
     အဆိုပါဖိုရမ်ကို နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရန်နှင့် ယူကရိန်းနိုင်ငံ၏ စီးပွားရေးပြု ပြင်ပြောင်းလဲရေး အစီအစဉ်များကို ဆွေးနွေးရန်၊  အမေရိကန်နိုင်ငံနှင့် ယူက ရိန်းနိုင်ငံတို့သည် တရားဥပဒေ စိုးမိုးရေး ကို အခြေခံသည့် စီးပွားရေးယှဉ်ပြိုင်မှုနှင့် စွန့်ဦးတီထွင်မှုများ ပိုမိုတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန်၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ဆေးဝါးထုတ်လုပ်ရေးနှင့် အခြားအရေးကြီးသောကဏ္ဍ များတွင် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများအကြား ညှိနှိုင်း ဆွေးနွေးမှုနယ်ပယ်တိုးချဲ့ရန်တို့ကို ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း အဆိုပါရည်ရွယ်ချက်များ အောင်မြင် စေရေးအတွက် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် Ms. Penny Pritzker သည် ယူကရိန်းနိုင်ငံ ကိဗ်မြို့သို့ အလည်အပတ် ခရီးသွားရောက်၍ နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ရန်တို့ကို ဖိုရမ်မှ သဘောတူညီခဲ့ကြကြောင်းဖော်ပြထားပါသည်။ ထို့အပြင် ယူကရိန်းနိုင်ငံအနေဖြင့်လည်း သဘာ၀ ဓာတ်ငွေ့ကဏ္ဍတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အပြည့်အ၀ အကောင်အထည်ဖော်နိုင် ရန်၊ အနုပညာနှင့်တီထွင်ဖန်တီးမှုကဏ္ဍ များတွင် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ကို ကာကွယ်ရန်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ Government Procurement Agreementအ သို့ဝင်ရောက်ရေးအတွက် ပိုမိုကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါသည်။

အေးစန္ဒာလွင် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဝါရှင်တန်မြို့