Main menu

Background

ကိုရီးယား သင်္ဘောကျင်းကြီး သုံးခု၏ ဝင်ငွေများကျဆင်းမှုကို စိုးရိမ်

Fri, 08/07/2015 - 19:36 -- journal_editor

      ကိုရီးယားသင်္ဘောကျင်းကြီး သုံးခုဖြစ်သည့် Hyundai Heavy Industries, Samsung Heavy Industries နှင့် Daewoo Shipbuilding & Marine Engineering တို့သည် ယခုနှစ် ဒုတိယသုံးလပတ်အတွင်း ကမ္ဘာ့ ရေနံေ ဈးနှုန်းကျဆင်းမှုကြောင့် ကမ်းလွန်သင်္ဘောကျင်းလုပ်ငန်းများမှ ဝင်ငွေများကျဆင်းသွားခဲ့ကြောင်း Hyundai Heavy Industries  နှင့် Samsung Heavy Industries တို့သည် ၎င်းင်းတို့၏ ဒုတိယသုံးလပတ် ဘဏ္ဍာရေးအခြေအေ နကို ဇူလိုင်လ ၂၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပြီး ဒေဝူး ကလည်း အလားတူထုတ်ပြန်သွားမည်ဖြစ်ကြသည်။
     ဈေးကွက်သုံးသပ်လေ့လာချက်များ၏ ခန့်မှန်းချက်အရ သင်္ဘော ကျင်းကြီး၏ စုစုပေါင်းဆုံးရှုံးမှုသည် ဝမ် ၄ ထရီလီယံခန့်ရှိနိုင်ကြောင်း ဆိုကြပြီး၊ ပထမသုံးလပတ်ကလည်း ၂၀၀ ဘီလီ ယံ ဝမ်ခန့်အမြတ်ငွေ ဆုံးရှုံးခဲ့ကြသည် ဟု သိရှိရသည်။ ဟွန်ဒေးသည် ယမန်နှစ်က ၃ ထရီလီယံ ဝမ်အရှုံးပေါ်ခဲ့ပြီး၊ ယခုပထမသုံးလပတ်တွင် လုပ်ငန်းဆုံးရှုံးမှုတန်ဖိုး ၁၉၂ ဒသမ ၄ ဘီလီ ယံ ဝမ်ဖြစ်၍ ဒုတိယသုံးလပတ်တွင် လုပ်ငန်းဆုံးရှုံးမှုတန် ဖိုး ၁၀၀ ဘီလီယံ ဝမ် ခန့်ရှိနိုင်ကြောင်း သုံးသပ်ထားသည်။ ဆမ်ဆောင်းသည် ပထမသုံးလပတ်က လုပ်ငန်းအမြတ် ၂၆ ဒသမ ၃ ဘီလီယံဝမ်ရှိခဲ့ပြီး၊ ဒုတိယသုံးလပတ်တွင် လုပ်ငန်းအရှုံးပမာဏ ၁ ထရီလီယံ ဝမ်ခန့်ရှိနိုင်သည်။ ဒေဝူးသည် ဒုတိ ယသုံးလပတ်တွင် ဆုံးရှုံးမှု တန်ဖိုး ၃ ထရီလီယံ ဝမ်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

သန့်ဇင် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့