Main menu

Background

မြောက်ကိုရီးယားနိုင်ငံသား တစ်ဦးချင်း၏၂၀၁၄ခုနှစ်က ဝင်ငွေ ဝမ် ၁ ဒသမ ၃၉ သန်းရှိခဲ့

Fri, 08/07/2015 - 19:47 -- journal_editor

     ၂၀၁၄ ခုနှစ်အတွင်း မြောက်ကို ရီးယားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး မှုနှုန်း သည် ၁ ဒသမ သုည ရာခိုင်နှုန်းရှိခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံသား တစ်ဦးချင်းဝင်ငွေကွာဟချက်သည် ၁ အချိုး ၂၁ ဒသမ ၄ ဖြစ်ခဲ့သည်။ ဇူလိုင် လ ၁၇ ရက်နေ့က ကိုရီးယားဗဟိုဘဏ်မှ ထုတ်ပြန် သည့် '2014 North Korea Economic Growth Rate Estimates' အရ မြောက်ကိုရီးယား ၏ Real GDP သည် ၁ ဒသမ သုည ရာခိုင်နှုန်းတိုးလာခဲ့၍ ၂၀၁၁ခုနှစ်က တိုးနှုန်း သုည ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ် တိုးနှုန်း ၁ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ် တိုးနှုန်းသည် ၁ ဒသမ ၁ ရာခိုင်နှုန်း အသီးသီးဖြစ်ကြသည်။ မြောက်ကိုရီးယား၏ ၂၀၁၄ ခုနှစ် GNI သည် ၃၄ ဒသမ ၂ ထရီလီယံဝမ် (အမေရိကန် ဒေါ်လာ ၂၉ ဒသမ ၇ ဘီလီယံ) ဖြစ်ပြီး ယင်း၏ ၄၄ ဆ သည် တောင်ကိုရီးယား၏ GNI (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံ) ဖြစ်ခဲ့သည်။
     မြောက်ကိုရီးယား၏  နိုင်ငံသားတစ်ဦးချင်းဝင်ငွေသည် ၁၃၈၈၀၀၀ ဝမ် (အမေရိကန်ဒေါ်လာ ၁၁၆၃) ဖြစ်ပြီး တောင်ကိုရီးယား၏ နိုင်ငံသားတစ်ဦးချင်းဝင်ငွေ ဝမ် ၂၉ ဒသမ ၆၈ သန်း (အမေရိကန် ဒေါ်လာ ၂၅၈၀၉) ဖြစ်ပြီး ၂၁ဆရှိ  နိုင်ငံသားတစ်ဦးချင်းဝင်ငွေ ကွာဟချက်သည် ၂၀၁၃ ခုနှစ်က တစ်အချိုး ၂၀ ဒသမ ၈ ဖြစ်သည်။ ယမန်နှစ်က မြောက်ကိုရီးယားသည် ပြ ည်ပပို့ကုန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိခဲ့၍ ၂၀၁၃ ခုနှစ် ကထက် ၁ ဒသမ ၇ ရာခိုင် နှုန်းကျဆင်းခဲ့သည်။ အကြောင်းအရင်းမှာ ဓာတ်သတ္တုများထွက်ကုန် သည် ၁၇ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန်ပမာဏသည် ၇ ဒသမ ၈ ရာခိုင်နှုန်း (အမေရိကန်ဒေါ် လာ ၄ ဒသမ ၄၅ ဘီလီယံ) တိုးခဲ့ပြီး၊ စက်ကိရိယာပစ္စည်းများ (၂၇ ဒသမ ၁ ရာခိုင် နှုန်း)နှင့် အထည်အလိပ် ၁၄ ဒသမ ၆ ရာခိုင်နှုန်း ပိုမိုတင်ပို့ခဲ့ခြင်းကြောင့် ဖြစ်သည်။

သန့်ဇင် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့