Main menu

Background

မိုးခေါင်မှုကြောင့် ထိုင်းနိုင်ငံ၏ စပါးထွက်ရှိမှု ၁၅ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်

Fri, 08/07/2015 - 20:29 -- journal_editor

     ထိုင်းနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ဆယ်စုနှစ်အတွင်း အဆိုးဆုံးဖြစ်သော မိုးခေါင်မှုသည် စပါးထွက်ရှိမှုကို ၁၅-၂၀ ရာခိုင်နှုန်း ကျဆင်းစေလိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။ ဆန်ဈေးနှုန်း များ မြင့်တက်နိုင်မည့်အခြေအနေနှင့် သိုလှောင်ထားသော အစိုးရဆန်များကို ထုတ်ရောင်းနိုင်ရန် အခွင့်အလမ်း ပိုမို လာနိုင်သည်ဟု ယူဆထားကြပါသည်။ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အလွန်ခြောက်သွေ့သည့် ရာသီဥတုဖြစ်ပေါ်လျက်ရှိသော ထိုင်းနိုင်ငံနှ င့် အခြားသော ဆန်တင်ပို့သည့် နိုင်ငံများ၏ ရောင်းလိုအား လျော့နည်းသွားသည့်အတွက် ဆန်ဝယ်လိုအားသည် မြင့်တက်ဖွယ်ရှိကြောင်း ထိုင်းဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ Mr. Charoen ကပြောကြားခဲ့ပါသည်။
     မိုးခေါင်မှုကြောင့် ထိုင်းနိုင်ငံ တစ်နိုင်ငံတည်းမှာပင် (စုစုပေါင်း) စပါး အထွက်တန်ချိန် ၃၅ သန်းခန့် (ဆန်တန် ချိန် ၁၈-၁၉ သန်းခန့်) သို့လျော့ကျသွားလိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ယခုနှစ်ထိုင်းနိုင်ငံ၏ အဓိကသီးနှံဖြစ်သည့် စပါးထွက်ရှိမှုသည်  နှစ်ရာခိုင် နှုန်းကျဆင်း၍ တန်ချိန် ၂၆ သန်းသာရှိနိုင်သည်ဟု အစောပိုင်းက ခန့် မှန်းခဲ့ပါသည်။ စပါးစိုက်ပျိုးခြင်းသည် သြဂုတ်လတိုင်အောင် နှစ်လခန့်နောက်ကျနိုင် သည် ဟူသော အချက်အပေါ်အခြေခံ၍ ယင်းကဲ့သို့ ခန့်မှန်းခဲ့ခြင်းဖြစ်ပါသည်။မိုးခေါင်မှုကြာရှည်နေမည်ဆိုပါက စပါးထွက်ရှိမှုသည် ခန့်မှန်းထားသည်ထက် ပို၍လျော့နည်းဖွယ်ရှိနေပါသည်။
     စပါးထွက်ရှိမှု လျော့နည်းမည်ဟူသော  ခန့်မှန်းချက်ကြောင့် စပါးဈေးနှုန်းသည် တစ်တန်လျှင် ဘတ် ၇၅၀၀-၈၀၀၀ မှ ဘတ် ၉၀၀၀ ကျော်ထိ မြင့်တက်နိုင်ချေရှိကြောင်း၊ သို့ရာတွင် စပါးဈေးမြင့်တက်မှုသည် ပြိုင်ဖက်နိုင်ငံများ ၏ စပါးထွက်ရှိမှု၊ မိုးခေါင်မှု ကြောင့် ဖြစ်ပေါ်သော အကျိုးသက် ရောက်မှုပမာဏ၊ ကမ္ဘာ့စီးပွားရေး အခြေအနေတို့အပေါ်တွင်လည်း မူတည်မည်ဖြစ်ကြောင်း Mr. Charoen ကပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ ယခုနှစ် ဆန်ပြည် ပတင်ပို့မှုသည် တန်ချိန် ၉ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၇ ဘီလီယံဖိုးခန့်) ရှိနိုင်ေြ ကာင်း၊ ပထမ ငါးလအတွင်း    ဆန်တင်ပို့မှုသည် တန်ချိန် ၄ ဒသမ ၅ သန်းဖြစ်ရာ ပြီးခဲ့သည့်နှစ် အလားတူကာလကထက် ၁ ဒသမ ၁ ရာခိုင်နှုန်း  လျော့နည်းခဲ့ကြောင်း၊ ဆန်ပြည်ပတင်ပို့ သူများ အသင်းသည် ဒုတိယနှစ်ဝက်တွင် ပြည်ပတင်ပို့မှု မြှင့်တင်ရန် ကြိုးပမ်းမှုအဖြစ် အစိုးရ လက်ကျန်ဆန်များကို ထုတ်ရောင်းပေးရန်နှင့် အစိုးရချင်း စနစ်(G to G)ကို အဆုံးသတ်ရန် အစိုးရအား  အဆိုပြုတင်ပြမည်ဖြစ်ကြောင်း၊ ထို့ပြင် ဘတ်ငွေတန်ဖိုး တည်ငြိမ်စေရန်နှင့်ရေရှည်(ကာလရှည်) ဆန်စီမံခန့်ခွဲမှု ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးရန်တို့ကို တောင်းဆိုကြ မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့