Main menu

Background

စင်ကာပူကုမ္ပဏီများပူးပေါင်းအဖွဲ့မှအိန္ဒိယနိုင်ငံ၌တည်ဆောက်မည့် အမရဝတီမြို့ ပြစီမံကိန်းအပြီးသတ် မဟာစီမံချက်အားလွှဲအပ်

Mon, 08/10/2015 - 19:28 -- journal_editor

အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်၌  မြို့တော်အသစ်တည်ထောင်နိုင်ရန်အတွက် မဟာစီမံချက်ရေးဆွဲခြင်းကို စင်ကာပူ နိုင်ငံအခြေစိုက် ဆာဘာနာအတိုင်ပင်ခံ လုပ်ငန်းနှင့်ဂျူရောင်းဦးပိုင်လီမိတက်တို့ ပူးပေါင်း အဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ရာ နောက်ဆုံးအဆင့်ဖြစ်သော မြို့ပြတည်ထောင်မှုသန္ဓေဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို အပြီးသတ်ရေး ဆွဲနိုင်ခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ အဆိုပါမဟာစီမံချက် လွှဲပြောင်းပေးအပ်မှုအခမ်းအနားကို ဇူ လိုင်လ ၂၀ ရက်နေ့က အန်ဒရာပရာ ဒေ့ရှ်ပြည်နယ်တွင် ကျင်းပခဲ့ရာ ၎င်းပြည်နယ်ဝန်ကြီးချုပ် မစ္စတာချန်ဒရာဘာဘူနိုင်ဒူးနှင့်စင်ကာပူနိုင်ငံ ကုန် သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာအက်စ်အစ္စဝါရန်တို့တက်ေ ရာက်ခဲ့ကြပါသည်။
     အမရဝတီမြို့ (Amaravati) ဟုခေါ်တွင်မည့် မြို့သစ်တည်ဆောက်ရေးစီမံချက်ရေးဆွဲမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ယခင်နှစ်ဒီဇင်ဘာလအတွင်း စင်ကာပူနှင့်အိန္ဒိယနှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ပြီး အဆင့်သုံးရ ပ်ဖြင့် မဟာစီမံချက်ရေးဆွဲခဲ့ရာ ပထမအဆင့်ဖြစ်သော မြို့တော်တည် ဆောက်မှုစီမံချက်ကို ယခုနှစ်မတ်လ၌ လည်းကောင်း၊ ဒုတိယအဆင့်ဖြစ်သည့် မြို့တော်၏အနီးပတ်ဝန်းကျင်ဒေသ တည်ဆောက်ရေးစီမံချက်အား မေလတွင် လည်းကောင်း၊ အန်ဒရာပရာဒေ့ရှ် ပြည်နယ်အစိုးရသို့ ပေးအပ်ပြီးဖြစ်ပါသည်။ ၎င်းစီမံချက်နှစ်ရပ်တွင် အမြန်ရထားလမ်းကွန်ရက်များ၊ စက်မှုဇုန်များ၊ ကူးသန်းရောင်းဝယ်ရေးဇုန်များနှင့် လေယာဉ်ကွင်းတည်ဆောက်ရန် အစီအစ ဉ် များပါဝင်ပြီး ယခုတစ်ကြိမ် လွှဲ ပြောင်းပေးသည့် မြို့ပြသန္ဓေဖွံ့ဖြိုးတိုး တက်ရေးစီမံချက်၌ အကျယ်အဝန်း ၁၆ ဒသမ ၉ စတုရန်းကီလိုမီတာအတွင်း အစိုးရဌာနဆိုင်ရာများ၊ စီးပွားရေးလုပ် ငန်းများနှင့်လူနေထိုင်ရန်တို့အတွက် အေ ဆာက်အအုံတည်ဆောက်ရေး လုပ်ငန်းများပါဝင်မည်ဖြစ်သည်။
     မြို့ပြတည်ဆောက်ရေးလုပ်ငန်း များကို လာမည့်အောက်တိုဘာလ ၂၂ ရက်နေ့၌ အုတ်မြစ်ချအခမ်းအနားဖြင့် စတင်နိုင်ရန်ကြိုးပမ်းလျက်ရှိပြီး သန္ဓေဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်မည့် အ ဆင့်ငါးရပ်အနက် ပထမအဆင့်ကို ၂၀၁၈ ခုနှစ်၌ပြီးစီးရန် အန်ဒရာပရာဒေ့ ရှ် ပြည်နယ်ဝန်ကြီးချုပ်မစ္စတာနိုင်ဒူးမှ မျှော်လင့်လျက်ရှိပါသည်။ မစ္စတာ အက်စ်အစ္စဝါရန်လည်း ယခုစီမံကိန်း၏ ကြီးမားကျယ်ပြန့်မှု အနေအထားအရ စင်ကာပူကုမ္ပဏီများ အနေဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်း များစွာရှိနေကြောင်း ပြောဆိုပါသည်။ လက်ရှိကာလတွင် စင်ကာပူအခြေစိုက် စက်မှုဇုန်တည် ထောင်ခြင်းဆိုင်ရာ ထောက်ပံ့ မှု လုပ်ငန်းများအား ဆောင် ရွက်နေသော Sembcorp လီမိတက်နှင့် မြို့ပြဖွံ့ဖြိုးရေး လုပ်ကိုင်သည့် Ascendas-Singbridge  ကုမ္ပဏီတို့မှ အမရ ဝတီမြို့တော် တည်ဆောက်ရေးလုပ်ငန်း များတွင် ပါဝင် ဆောင်ရွက်ရန် ဆန္ဒရှိ ကြောင်း ထုတ်ဖော်ပြောကြားထားပါ သည်။

 

နေအေးလွင် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့