Main menu

Background

အာဖရိကသို့ ထိုင်းဆန်တင်ပို့ရောင်းချရန် ညှိနှိုင်း

Mon, 08/10/2015 - 20:22 -- journal_editor

     ထိုင်းနိုင်ငံသည် အာဖရိကနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၃၁၃ သန်း ဖိုးရှိသော ဆန်တန်ချိန် ၇၆၅,၀၀၀ ရောင်းချရန် အပြီးသတ်ဆွေးနွေးပြီးဖြစ်ပါသည်။ အာဖရိကသို့ သွားရောက်သည့် ငါးရက်ကြာခရီးစဉ်အတွင်း ထိုင်းြ ပည်ပ တင်ပို့သူများနှင့် အာဖရိကမှ တင်သွင်းသူများသည် ဆန်အရောင်း အဝယ်အတွက် နားလည်မှုစာချွန်လွှာ ၁၁ ခုလက်မှတ်ရေးထိုးခဲ့ကြကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာချတ်ချိုင်း က  ပြောကြားခဲ့ပါသည်။
     တောင်အာဖရိကမှ ဆန်တန်ချိန် ၆၁၀,၅၀၀ ဝယ်ယူမည်ဖြစ်ကြောင်း၊ ကျန်ပမာဏကို အခြားသော အာဖရိကနိုင်ငံများမှ ဝယ်ယူမည်ဖြစ်ကြောင်း၊ အာဖရိကမှ ဝယ်ယူမည့် ဆန်အားလုံးသည် အဆင့်မြင့်ပေါင်းဆန်များဖြစ်ပြီး ယခုနှစ်နှင့်လာမည့်နှစ်တွင် တင်ပို့မည်ဖြစ်ကြောင်း သိရှိရပါသည်။ ဆန်ရောင်းဝယ်မှုအတွက်သာမက ဆင့်တက်ပြုပြင်ထုတ်လုပ်ထားသော စားသောက်ကုန်များ၊ ကားအပိုပစ္စည်း များ၊ ဖက်ရှင်ဆိုင်ရာထုတ်ကုန်များ စသည့်အြ ခားသော ကဏ္ဍများမှ ထိုင်းတင်ပို့သူများသည်လည်း စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၂၀ဖိုးရှိသော အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြောင်းလည်း ဝန်ကြီး မစ္စတာချတ်ချိုင်းက ပြောကြားခဲ့ပါသည်။ ပေါင်းဆန်တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၄၅၀ ဈေးနှုန်းရရှိ ခဲ့ကြောင်း၊ ဈေးကွက်၌ ပေါင်းဆန်တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၀ သာ ရှိကြောင်း ထိုင်းဆန်ပြည်ပတင်ပို့ သူများအသင်းဥက္ကဋ္ဌကပြောကြားခဲ့ပါသည်။ ယခုနှစ် ပထမနှစ်ဝက် အတွင်းတွင် ထိုင်းနိုင်ငံမှဆန်အများဆုံး တင်သွင်းသည့်နိုင်ငံငါးနိုင်ငံတွင် တောင်အာဖရိကလည်းပါဝင်ကြောင်း၊ တောင်အာဖရိကနိုင်ငံသည် ထိုင်းနိုင်ငံမှဆန်ချိန် ၂၇၀,၂၉၁ တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။ နိုင်ဂျီးရီးယားသည် ပထမနှစ် ဝက်အတွင်း ထိုင်းနိုင်ငံမှဆန်အများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်ပြီးဆန် တန်ချိန် ၄၇၅,၃၆၂ တင်သွင်းခဲ့ရာ ပြီးခဲ့ သည့်နှစ် အလားတူကာလက တင်သွင်း မှုထက် ၁၀၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။
     ဖိလစ်ပိုင်၏ ထိုင်းဆန်တင်သွင်း မှုသည် ၂၅၅ ရာခိုင်နှုန်းမြင့်တက်၍ တန်ချိန် ၄၂၂,၁၁၀ ဖြစ်ပြီး တရုတ်နိုင်ငံ ၏ ထိုင်းဆန်တင်သွင်းမှုသည် ၉ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်၍ ၃၆၁,၀၀၆ ဖြစ် ပါသည်။ အဆိုပါကာလအတွင်း မှာပင် အမေရိကန်သို့ ထိုင်းဆန်တင်ပို့မှုသည် ၁ ဒသမ ၈ ရာခိုင်နှုန်းလျော့နည်း၍ တန်ချိန် ၂၂၆,၄၉၇ သာရှိခဲ့ပါသည်။ ယခုနှစ်ပထမခြောက်လအတွင်း ထိုင်းဆန်ပြည်ပတင်ပို့မှုသည် တန်ချိန် အားဖြင့် ၄ ဒသမ ၇ ရာခိုင်နှုန်းလျော့ နည်း၍ တန်ချိန် ၄ ဒသမ ၄၆ သန်းဖြစ် ပြီး တန်ဖိုးအားဖြင့် ၅ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်း၍ ဘတ် ၇၂ ဒသမ ၁ ဘီလီယံဖြစ်ကြောင်း သိရှိရပါသည်။

 

ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့