Main menu

Background

ဝမ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း သုံးနှစ်အတွင်း အမြင့်ဆုံးရောက်ရှိ

Mon, 08/10/2015 - 20:47 -- journal_editor

     ဇူလိုင်လ ၂၃ ရက်နေ့က ဝမ်ငွေ နှင့်အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း သည် သုံးနှစ်အတွင်း အမြင့်ဆုံးရောက် ရှိ၍ ဒေါ်လာငွေတန်ဖိုးတက်နေခဲ့သည်။ ၎င်းင်းအပြင် ဒေါ်လာငွေတန်ဖိုးတက်မှုသည် သုံးလအတွင်း ရှစ်ရာခိုင်နှု န်းသို့ ရောက်ရှိခဲ့သည်။  ၂၀၁၂ ခုနှစ်အတွင်း  အမြင့်ဆုံးလဲလှယ်နှုန်းအဖြစ်ရှိခဲ့သည့် တစ်ဒေါ်လာလျှင် ၁,၁၆၅ ဒသမ ၆ ဝမ် သည် သုံးနှစ်အတွင်း အမြင့်ဆုံးနှုန်းထားဖြစ်ခဲ့ရာ ယင်းနှုန်းထားကိုကျော်၍ စံချိန်သစ်တင်သွားဖွယ်ရှိ သည်။
     ကိုရီးယားရှိ ရင်းနှီးမြှုပ်နှံမှုဘဏ် များ၊ ငွေကြေးလဲလှယ်ရေးလုပ်ငန်းများ ၏ ခန့်မှန်းချက်အရ ကိုရီးယားဝမ်နှင့် ဒေါ်လာလဲလှယ်နှုန်းသည် လာမည့် ရက်သတ္တပတ်တွင် ဝမ် ၁,၂၀၀ အထိ ရှိနိုင်ပြီး ယခုနှစ်အတွင်း ဝမ် ၁,၃၀၀ အထိ အမြင့်ဆုံးရှိနိုင်ကြောင်း ခန့်မှန်းသုံးသပ်ထားကြသည်  Goldman Sachs ကလည်း ၁၂ လတာကာလအတွင်း အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် ဝမ်  ၁,၃၀၀ အထိ တက်နိုင်ကြောင်း သုံးသပ်ထားခဲ့သည်။ အမေရိ ကန်၏ အိမ်ခြံမြေဈေးကွက်တွင်လည်း ဒေါ်လာငွေတန်ဖိုးမာနေသည်။ ၎င်းအပြင် နိုင်ငံခြားသားများသည် ကိုရီးယားစတော့ရှယ်ယာများကို ရောင်းထုတ်နေကြသည်။ ကိုရီးယားငွေ ကြေးအာဏာ ပိုင်များသည် ဒေါ်လာဈေးတ က်နေမှုကို ကိုရီးယားဈေးကွက်တွင် ထိန်းသိမ်းသွားရန် မူဝါဒများ ချမှတ်ထားသင့်ပေသည်။

 

သန့်ဇင် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့