Main menu

Background

ထိုင်းနှင့်လာအို ပူးပေါင်း၍ အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်မည်

Tue, 08/18/2015 - 19:50 -- journal_editor

      ထိုင်းနိုင်ငံနှင့်လာအိုနိုင်ငံတို့သည် လာမည့်သုံးနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန်ဒေါ်လာရှစ် ဘီလီယံအထိ မြှင့်တင်ရန် ကတိပြုပြီး ဖြစ်ပါသည်။ အဓိကအားဖြင့် အထူး စီးပွားရေးဇုန်များတွင် ပူးပေါင်းဆောင် ရွက်၍ မြှင့်တင်သွားမည်ဖြစ်ပါသည်။ နှစ်နိုင်ငံနယ်စပ်ဒေသများရှိ အထူးစီးပွားရေးဇုန်များသည်လာမည့် သုံးနှစ်အတွင်း ကုန်သွယ်မှုမြှင့်တင်ရန် အတွက်သာမက ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရန်အတွက်ပါ အရေးပါကြောင်း သြဂုတ်လ ၁၀ ရက်နေ့ကကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံစီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနဝန်ကြီး မစ္စတာချတ်ချိုင်းက ပြော ကြားခဲ့ပါသည်။
     ထိုင်းနိုင်ငံအနေဖြင့် နယ်စပ် ဒေသများရှိ ပြည်နယ်များတွင် တည် ဆောက်မည့် အထူးစီးပွားရေးဇုန် ၁၀ ဇုန်အနက် လေးဇုန်သည် ထိုင်း- လာအိုနယ်စပ်တွင် တည်ရှိကြောင်း၊ Mukdahan, Nong Khai, Nakhon Phanom, Chiang Rai စသည့် ပြည်နယ် များဖြစ်ကြောင်း၊ လာအိုနိုင်ငံတွင် အထူး စီးပွားရေးဇုန်နှစ်ဇုန် နှင့် တည်ဆောက် ရေးလုပ်ငန်းများအပြင် ရပ်ဆိုင်းထား သော Pakse-Japan SME Specific Economic Zone အပါအဝင် သီးသန့် စီးပွားရေးဇုန် ၉ ဇုန်ရှိကြောင်း သိရှိရပါ သည်။ ပြီးခဲ့သည့်နှစ်၌ ထိုင်းနိုင်ငံသည် လာအိုနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး၊ လာအိုသည်လည်း ထိုင်းနိုင်ငံ ၏ ကမ္ဘာ့ကုန်သွယ်ဖက်နိုင်ငံများအနက် အဆင့် ၂၁တွင် ရှိပြီး၊ အာဆီယံ နိုင်ငံ များအနက် အဆင့်ခုနစ်တွင်ရှိပါသည်။၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ် အတွင်းတွင် ထိုင်း-လာအိုနှစ်နိုင်ငံ ကုန်သွယ်မှုသည် ပျမ်းမျှအားဖြင့်တစ် နှစ်လျှင် ၃ ဒသမ ၇၆ ဘီလီယံရှိခဲ့ပြီး ပျမ်းမျှတိုးတက်မှုနှုန်းသည် ၃၅ ဒသမ ၈ရာခိုင်နှုန်းဖြစ်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် ၆ ဒသမ ၃ရာခိုင်နှုန်း မြင့်တက်၍ အမေရိကန် ဒေါ်လာ ၅ ဒသမ ၄၄ ဘီလီယံရှိခဲ့ ကြောင်း သိရှိရပါသည်။

 

ရီရီမွန်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့