Main menu

Background

ကိုရီးယားနှစ်နိုင်ငံ၏ မာရသွန်ဆွေးနွေးပွဲကြောင့် အေးစက်စက်ဆက်ဆံရေးကို နွေးထွေးစေမည်ဟုဆို

Tue, 09/01/2015 - 20:10 -- journal_editor

`မြောက်ကိုရီးယားမှ ထောင် ထားသည့်မိုင်းကြောင့် တောင် ကိုရီးယားစစ်သည်နှစ်ဦး ခြေထောက် ပြတ်သည့် ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကိုရီးယား၏ စွပ်စွဲချက် ကြောင့် ပေါ်ပေါက်ခဲ့သည့် နှစ်နိုင်ငံကြားတင်း မာမှု ကို လျှော့ ချရန်အတွက် ရှည်ကြာ လှသည့် နှစ်နိုင်ငံဆွေးနွေးပွဲကို  သြဂုတ်လ ၂၃ ရက်နေ့က ပန်မွန်ဂျုံ တွင် ဆက်လက်ပြုလုပ်ခဲ့ကြသည်။  သြဂုတ်လ ၂၂ ရက်နေ့ညနေ ခြောက် နာရီခွဲက စတင်ခဲ့သည့် နှစ်နိုင်ငံ ကိုယ်စားလှယ်လေးဦး သည် ၁၀ နာရီ ကြာ ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီချက် တစ်စုံတစ်ရာ ထွက် ပေါ်လာခြင်းမရှိချေ။ သြဂုတ်လ ၂၃ ရက်နေ့က ပထမအကြိမ်ဆွေးနွေးပွဲ သည် နာရီအနည်းငယ်ကြာမြင့်ခဲ့ပြီး၊ ဒုတိယအကြိမ်ဆွေးနွေးပွဲကို ညနေ သုံး နာရီခွဲက ပြန်လည်စတင်ခဲ့ကြသည်။ ဝါဒဖြန့်ချီရေး အသံချဲ့စက်များပိတ် ပေးမည်လား၊ စစ်ပွဲရင်ဆိုင်မည်လားဆို သည့် တောင်းဆိုချက်ကို သြဂုတ်လ ၂၂ ရက်နေ့ညနေငါးနာရီ တွင် နောက်ဆုံး ပြန်ကြား ရန် မြောက် ကိုရီးယားက တောင်ကိုရီးယားနိုင်ငံကို တောင်းဆို ထားသည်။ ယင်းနေ့ညနေငါးနာရီ မတိုင်မီက နှစ်နိုင်ငံကိုယ်စားလှယ်များ ဆွေးနွေးပွဲကို စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းဆွေးနွေးပွဲ စတင်ရန် မြောက် ကိုရီးယားက ချက်ချင်းေ တာင်း ဆိုခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယားသမ္မတ ရုံးက မြောက်ကိုရီးယား၏ တောင်းဆို ချက်ကို ယင်းနေ့မှာပင် ခေါင်းဆောင် ကင်ဂျုံအန်၏ လက်ထောက်စစ်ရေး အကြီးအကဲ ံHwang Pyong-so  ကို ဆွေးနွေးပွဲသို့ ဖိတ်ေ ခါ်ခြင်း အားဖြင့် လက်သင့်ခံခဲ့သည်။နှစ်နိုင်ငံံမှ ကိုယ်စားလှယ်လေးဦး ၏ ဆွေးနွေးပွဲသည် ဒုတိယနေ့ရောက် ခဲ့သည့်တိုင် သဘောတူညီချက် မရရှိခဲ့ ချေ။ မြောက်ကိုရီးယားက တောင် ကိုရီးယားနိုင်ငံအား ဝါဒဖြန့် အသံချဲ့ စက်များ ပိတ်ပေးရန် တောင်းဆိုချက် အချိန်လည်း ကုန်ဆုံးကျော်လွန်သွားခဲ့ ပြီးဖြစ်သည်။ မြောက်ကိုရီးယားသည် တောင်ကိုရီးယားစစ်သည်နှစ်ဦးအား ခြေထောက်ပြတ်စေခဲ့သည့် မြေမြှုပ် မိုင်းကို ထောင်ထား၍ ရန်စခြင်းကို တစ်ခွန်းတစ်ပါဒမျှ မပြောဘဲ အသံချဲ့ စက်များ ရပ်ပေးရန်သာ တောင်းဆိုနေ ခဲ့ကြောင်း အစိုးရအရာရှိတစ်ဦးက သြဂုတ်လ ၂၂ ရက်နေ့က မီဒီယာသို့ ပြောကြားခဲ့သည်။ ဆိုးလ်က မြေမြှုပ် မိုင်းကိစ္စအတွက် ပြုံယမ်း အား တောင်း ပန် ရန် တောင်းဆိုခဲ့သော်လည်း မြောက်ကိုရီးယားကိုယ်စားလှယ်များက တုံ့ပြန်ခြင်းမပြုခဲ့ပေ။ မြောက်ကိုရီးယား မှ ကိုယ်စားလှယ်နှစ်ဦး ဖြစ်သည့် ံHwang Pyong-so နှင့်Kim Yang-gon တို့သည် ဆိုးလ်၏ဝါဒဖြန့် အသံချဲ့စက် များကို ဖယ်ရှားပေးရန်သာ တောင်းဆို ရမည်ဆိုသည့် ကင်ဂျုံအန် ၏ ညွှန်ကြား ချက်တစ်ခုအတွက်သာ လာရောက် သည်ဟု ယူဆရကြောင်း တောင် ကိုရီးယား ထောက်လှမ်းရေးဌာနက သုံးသပ်ခဲ့သည်။ပြုံယမ်းသည် မြေမြှုပ် မိုင်းနှင့် ပတ်သက်၍ ငြင်းဆန်နေခဲ့ပြီး ဆိုးလ်က လည်း မတောင်းပန်ပါက   အသံချဲ့စက် ထုတ်လွှင့်နေမှုကို   မရပ်နိုင်ကြောင်း ထပ်တလဲလဲ   ပြောဆိုနေခဲ့သည်။ ယင်းကဲ့သို့ မတိုးသာမဆုတ်သာ အခြေ အနေသည် ဆွေးနွေးပွဲ ရည်ရွယ်ချက် အထမမြောက်ဘဲ   ပြုံယမ်းကသာ တောင်းပန်လိုက်ပါက ကိုရီးယားကျွန်း ဆွယ်အရေးမှာ  ယခုထက်  သဘော တူညီချက်   ပိုမိုနိုင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရအရာရှိ တစ်ဦးက ပြောဆိုခဲ့သည်။ အားကိုးအား ထားပြုနိုင်သည့် ကိစ္စတစ်ခုမှာ ပြုံယမ်း သည် ယခုထက်တိုင် ဆွေးနွေးပွဲက ထွက် ခွာသွားခြင်း မရှိသေးခြင်းဖြစ် သည်။ မြောက်ကိုရီးယားနိုင်ငံသည် သူ ၏ မဟာမိတ်ဖြစ်သော တရုတ်နိုင်ငံ၏ ဖိအားပေးမှု ရှိလာပါ က အပြောင်းအလဲ အနည်းငယ်ရှိလာနိုင်သည်။ ယခုဆွေး နွေးပွဲသာ ပျက်ပြားသွားပါက ပြုံယမ်း သည် မည်သူ့ကိုမျှ အပြစ်တင်နိုင်မည် မဟုတ်ချေ။ ကိုရီးယားစစ်ပွဲကြောင့် တောင်/ မြောက် ကွဲကွာနေသော မိသားစုများ အား ပြန် လည်ပေါင်း စည်းပေးရေး အစီအစဉ်တစ်ရပ်ဖြင့် မြောက်ကိုရီးယားက တောင်ကိုရီးယား ကို မက်လုံးပေးထားသည်။တောင်/မြောက်အရေး  ကျွမ်း ကျင်သူများ၏သုံးသပ်ချက်အရ ပြုံယမ်းက ဆွေးနွေးရန် စတင် ဖိတ်ခေါ် လာခြင်း သည်   ၎င်းင်း၏ခြိမ်းခြောက် အကျပ်ကိုင်သည့်(Blackmail tactics)  လုပ်ရပ်ဟောင်း အတိုင်းသာဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းင်းအပြင်ဖြစ် နိုင်သည်မှာတစ်ဖက်ကရန်စသည့် လုပ်ရပ်အတွက် ပြင်ဆင်နေနိုင်ရန် အခြားတစ်ဖက်က ဆွေးနွေးပွဲတစ်ခုအား လုပ်ဆောင်နေသည့်  လမ်းလွှဲ သည့်နည်းဗျူဟာ(Diversionary tactic)  လည်းဖြစ်နိုင်ကြောင်း ခန့်မှန်း ခဲ့ကြသည်။    

သန့်ဇင် ၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဆိုးလ်မြို့