Main menu

Background

မြောက်ကိုရီးယား-တရုတ်ကုန်သွယ်မှု၁၀ ရာခိုင်နှုန်းကျော်လျော့ကျ

Wed, 09/02/2015 - 16:41 -- journal_editor

မြောက်ကိုရီးယားနိုင်ငံနှင့် တရုတ်၊ ရုရှားတို့၏ ကုန်သွယ်မှု နှေးကွေး သွားခြင်းကြောင့် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် ယခုနှစ် ပထမ ခြောက် လပတ်အတွင်းများစွာ လျော့ကျသွားခဲ့ သည်။ မြောက် ကိုရီးယား၏ ကုန်ထုတ် လုပ်မှုကဏ္ဍနှင့် စွမ်းအင်ကဏ္ဍများ သည် စီးပွားရေး ကျဆင်းသည့်ဒဏ်ကို ပိုမိုခံစားကြရပြီး မိုးခေါင်ရေရှားမှု ကြောင့် စိုက်ပျိုးရေး ကဏ္ဍတွင်လည်း ထုတ်လုပ်မှုလျော့ နည်းလျက်ရှိနေ ကြောင်း၊ တောင်ကိုရီးယား  နိုင်ငံပိုင်Korea  Development   Institute ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိပါသည်။
'' Is the North Korea Economy Getting Really Better?" ဟုအမည် ပေးထားသည့် ယင်းအစီရင်ခံစာတွင် ဖော်ပြထားချက်အရ ယခုနှစ် ဇန်နဝါရီ လမှမေလအတွင်း ငါးလတာကာ လတွင် တရုတ်နှင့်ကုန်သွယ်မှုပမာဏ သည် ပို့ကုန်တွင် ဒေါ်လာ ၉၅၄ ဒသမ ၃၂ သန်းဖြစ်ခဲ့ပြီး၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁ç၀၈၉ ဒသမ ၈၅ သန်းဖြစ်ခဲ့ သည်။ ယင်းပမာဏသည် ယခင်နှစ် အလားတူကာလထက် ၁၀ ဒသမ ၃ ရာခိုင်နှုန်းနှင့်၁၄ ဒသမ ၃ ရာခိုင်နှုန်း အသီးသီးလျော့ကျခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားသည် တရုတ်နိုင်ငံနှင့် အဓိကကုန်သွယ်လျက်ရှိပြီး တစ်နိုင်ငံ လုံးကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းကျော် မှာ တရုတ်နှင့်ဖြစ်သည်။   မြောက်ကိုရီး ယား၏ စိုက်ပျိုးရေးကဏ္ဍသည်လည်း ကုန်ထုတ်လုပ်မှု လျော့ကျသွားသည်ကို တွေ့ရသည်။  ယခုနှစ်တွင်   မြောက် ကိုရီးယား၌ မိုးခေါင်မှု(FTA) ကြောင့် စိုက်ပျိုး ရေးထွက်ကုန် ၁၀ ရာခိုင်နှုန်းကျော် လျော့နည်းနိုင်ကြောင်း ကုလသမဂ္ဂ အစားအစာနှင့်စိုက်ပျိုးရေးအဖွဲ့က ခန့် မှန်းထားခဲ့သည်။
သန့်ဇင် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့