Main menu

Background

ခြောက်နှစ်အတွင်း ကမ္ဘာ့ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းစံချိန်တင်ကျဆင်း

Mon, 09/07/2015 - 16:57 -- journal_editor

ကုန်ကြမ်းပစ္စည်းများနှင့်စွမ်း အင်သုံးစွဲမှုများအပေါ်ထိခိုက်သွား နိုင်သည့် တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လျော့နည်းသွားခြင်း သည် အခြားနိုင်ငံများ၏ စီးပွားရေး အခြေအနေကိုလည်း ထိခိုက်သွားနိုင် သည်ဆိုသည့် စိုးရိမ်မှုများကြောင့် ကမ္ဘာ့ကုန်ကြမ်းဈေးကွက်သည်လည်း ၂၀၀၉ ခုနှစ် ကမ္ဘာ့ငွေကြေးဈေးကွက် ပြဿနာဖြစ်ပွားပြီး ခြောက်နှစ်တာ ကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။သြဂုတ်လ ၂၁ ရက်နေ့က ကမ္ဘာ့ ရေနံဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၄၀ ဖြင့် ဈေးပိတ်ခဲ့သည်။ အဆိုပါဈေးနှုန်းသည် ဇွန်လကရှိခဲ့သည့် ရေနံ ဈေးနှုန်းထက် ၃၄ ရာခိုင်နှုန်း ကျဆင်းသွားပြီး၊ ဇွန်လက ရေနံတစ်စည် ဈေးနှုန်းသည် ၆၁ ဒေါ်လာဖြစ်ခဲ့ သည်။ ကြေးနီ နှင့် နစ်ကယ်ကဲ့သို့ သတ္တု များ၏ဈေးနှုန်းသည်  နှစ်လတာကာလအတွင်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ကို လည်း  တွေ့ရသည်။ ၎င်းင်းအပြင် တရုတ် နိုင်ငံစီးပွားရေးအခြေအနေ ဆိုးရွားနေခြင်း၊ အမေရိကန်ဗဟိုဘဏ် အတိုးနှု န်း မြင့်တက်လာနိုင်သည်ဟူသည့် မှန်းဆချက်သည် အမေရိကန် ဒေါ်လာဈေးကို ပိုမိုခိုင်မာလာ စေခြင်းတို့သည်  ကိုရီးယားစီးပွားရေးအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ သည်။ အဘယ်ကြောင့်ဆိုသော်  တောင်ကိုရီးယား စီးပွားရေး အခြေအနေသည် နိုင်ငံခြားပို့ကုန်အပေါ် များစွာမှီခိုနေသော ကြောင့်ဖြစ်သည်။           

သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့