Main menu

Background

အမေရိကန်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်သားရှားပါးမှု မြင့်တက်လာ

Tue, 09/08/2015 - 21:19 -- journal_editor

အမေရိကန်နိုင်ငံတွင် ယခုနှစ်အတွင်း အိမ်နှင့်စီးပွားရေးလုပ်ငန်း ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်မှု  တိုးတက်လာသကဲ့သို့ ဆောက်လုပ်ရေးလုပ်သား ရှားပါးမှုမှာလည်း မြင့် တက်လျက်ရှိပါသည်။ လုပ်သားရှားပါး မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ နှောင့်နှေးခြင်း၊ အိမ်ဈေးနှုန်းများမြင့် တက်ခြင်း၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်း အပြည့် အ၀ မဆောင်ရွက်နိုင်ခြင်း စသည့်အခက်အခဲများ ဖြစ်ပေါ်ကာ ဆောက် လုပ်ရေးလုပ်ငန်းများနှင့် စီးပွားရေးတိုးတက်မှုနှုန်းတို့ လျော့ကျခဲ့ပါသည်။၂၀၀၀ ပြည့်နှစ်တွင် အိမ်ခြံမြေ လုပ်ငန်းများ ကမောက်ကမဖြစ်ပြီး နောက် ဆောက်လုပ်ရေးလုပ်ငန်းများ ကျဆင်းခဲ့သည်။ ၂၀၁၂ ခုနှစ်မှ စတင်၍ ဆောက်လုပ်ရေး လုပ်ငန်း များ ပြန်လည် နာလန်ထူလာခဲ့ရာ ဆောက်လုပ်ရေးလုပ်သား လိုအပ်ချက်မှာလည်း မြင့်တက်လာပြီး လုပ် သားရှားပါးမှုကြောင့် ကုန် ကျစရိတ် မြင့်တက်ခဲ့ပါသည်။ အမေရိကန် နိုင်ငံရှိ သာမန်အလုပ်သမားများ၏ လုပ်ခသည် ဇူူလိုင်လ၌ ၂ ဒသမ ၁ ရာခိုင်နှုန်းသာ မြင့်တက်သော်လည်း ဆောက်လုပ်ရေးလုပ်သားများ၏ တစ် နာရီလုပ်ခမှာ ၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အိမ်အသစ် ဈေးနှုန်းမှာလည်း ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ် ပါက ၅ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။
အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဝါရှင်တန်မြို့