Main menu

Background

ထိုင်းနိုင်ငံဗဟိုဘဏ်က ဘတ်ငွေတန်ဖိုး အားပျော့အောင် ဆောင်ရွက်မည်

Tue, 09/08/2015 - 21:21 -- journal_editor

ထိုင်းနိုင်ငံ ဗဟိုဘဏ်သည် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မြှင့် တင်ရန် ရင်းနှီးငွေစီးထွက်မှုအပေါ် ထိန်းချုပ်မှုများကို ဖြေလျှော့ခြင်းဖြင့် ဘတ်ငွေတန်ဖိုးအားပျော့စေရန် အစီ အစဉ်များ ရေးဆွဲလျက်ရှိကြောင်း သိရှိ ရပါသည်။
ဘဏ္ဍာရေးတည်ငြိမ်မှုအတွက် မူ ဝါဒအတိုးနှုန်းသည် ဗဟိုဘဏ်၏ အဓိ က နည်းလမ်း (primary tool) ဖြစ် ကြောင်း၊ သို့ရာတွင် ငွေကြေးမူဝါဒဖြေ လျှော့ပေးခြင်း၏ အခန်းကဏ္ဍနှင့်ထိ ရောက်မှုကို လျှော့ချခဲ့ပြီးဖြစ်သည်ကို ဝန်ခံရမည်ဖြစ်ကြောင်း၊ အခြားသော အင်အားကြီးနိုင်ငံများကဲ့သို့ အတိုးနှုန်း ကို သုညအထိ မလျှော့ချနိုင်ကြောင်း၊ လက်ခံနိုင်သည့် အတိုင်းအတာအထိ သာ လျှော့ချမည်ဖြစ်ကြောင်း ငွေကြေး တည်ငြိမ်မှု ကြီးကြပ်ကွပ်ကဲသူ ဒုတိယ ဥက္ကဋ္ဌMs. Pongpen ကပြောကြားခဲ့ပါ သည်။
ထိုင်းနိုင်ငံဗဟိုဘဏ်မှ စံအတိုး နှုန်းကို ပြီးခဲ့သည့် မေလနှင့်ဧပြီလတို့၌ နှစ်လဆက်တိုက်လျှော့ချခဲ့ပါသည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းကို အကျ ဘက် ဦးတည်နေသည့် စီးပွားရေးတိုး တက်မှုကို တုံ့ပြန်ရန်ပြင်း ထန်သော ဆေး ဝါးဟုအမည်ပေးခဲ့ပါသည်။
ထိုင်းနိုင်ငံဗဟိုဘဏ်၌ စံအတိုး နှုန်း မည်မျှအထိ လျှော့ချနိုင်သည်ကို ဖော်ပြထားသော ၎င်းင်း၏ကိုယ်ပိုင်သတ် မှတ်ချက် ရှိပါသည်။ လက်ရှိစံအတိုးနှုန်း ကို ၁ ဒသမ ၅ ရာခိုင်နှုန်းသည် ၂၀၀၉ ခုနှစ် ကမ္ဘာ့ငွေကြေး အကြပ် အတည်း ကာလအတွင်း၌ သတ်မှတ်ခဲ့သည့် ၁ ဒသမ ၂၅ ရာခိုင်နှုန်းထက် သုည ဒသမ ၂၅ ရာခိုင်နှုန်းသာ မြင့်ပါသည်။
လက်လီရောင်းသူများ အနေဖြင့် ကြားလူမပါဘဲ ၎င်းင်းတို့၏ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု တိုးချဲ့ခြင်းကို ခွင့်ပြုပေးမည့် အစီအစဉ်^စီမံချက်ကို  ရေးဆွဲပြီး ဖြစ် ပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စွန့်စားရမှု နည်း ပါးအောင် ဖြန့်ကြက် နိုင်စေရန်  ဖြစ်ပါသည်။ ဘတ်ငွေသည် သြဂုတ်လ ၂၈ ရက်နေ့၌ အမေရိကန် တစ်ဒေါ်လာလျှင် ၃၅ ဒသမ ၈၆မှ ၃၅ ဒသမ ၈၈ ဘတ်အထိ  သိသိသာသာ ကျဆင်းခဲ့ပါသည်။
ရင်းနှီးငွေ စီးထွက်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့ပေး ခြင်း၏ ပထမအဆင့်ကို လာမည့်နှစ် တွင် စတင်မည်ဖြစ်ကြောင်း၊ အပ်နှံငွေ ဘတ်သန်း ၁၀၀ ရှိသူ သို့မဟုတ်ပိုင်ဆိုင် မှုတန်ဖိုး ဘတ် ၁-၅ ဘီလီယံရှိသော လုပ်ငန်းများ(Corporations) ကို နိုင်ငံ ခြားတွင် မှတ်ပုံတင်ထားသော စတော့ များ(Offshore securities)  အားလုံးတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၇ ခုနှစ်တွင် စတင်မည့် ဒုတိယအဆင့်တွင် အဆိုပါစတော့များ အားလုံး၌ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန် တစ် ဦးချင်း   ရင်းနှီးမြှုပ်နှံသူများ (Retail investor)  အား ခွင့်ပြုပေးမည်ဖြစ်ပါ သည်။ အဆင့် နှစ်ဆင့် စလုံးအတွက် စုစုပေါင်းငွေလွှဲပြောင်းခွင့် ကန့်သတ် ချက်မှာ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ငါးသန်းဖြစ်ပါသည်။
အဆိုပါအစီအစဉ်မှ နိုင်ငံခြား ငွေလဲလှယ်မှုအပေါ် အကျိုးသက် ရောက်မှုသည် ထိန်းသိမ်းရလွယ်မည်ဟု ယူဆရကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ အား ၎င်းင်းတို့၏  ရင်းနှီးမြှုပ်နှံမှုများကို မည်သို့ ဖြန့်ကြက်မည်ကို ပိုမိုစိုးရိမ်သင့် ကြောင်း သုံးသပ်ကြပါသည်။
ထိုင်းနိုင်ငံ    ဗဟိုဘဏ်သည် Capital Account Liberalisation Master Plan ၏ အဆင့်(၂)အရ နိုင်ငံ ခြားငွေလဲလှယ်ခြင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ ပြောင်းလဲမည့်အစီအစဉ် ကို ကြေညာခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အစီအစဉ်သည်   ပြီးခဲ့သည့်လမှစ၍ အကျိုးသက်ရောက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင်    ထိုင်း နိုင်ငံ၌     အမြဲတမ်းနေထိုင်သူများ သို့မဟုတ်   ကာလရှည်နေထိုင်သူများ(resident) အား   စုဆောင်းမှုအတွက် နိုင်ငံခြားငွေကြေးလွတ်လပ်စွာ  ဝယ်ယူ ခွင့်ကန့်သတ်ချက်ကို    အမေရိကန်    ဒေါ်လာ ၅၀၀ç၀၀၀ မှ ငါးသန်းသို့ တိုးမြှင့်သတ်မှတ်ပေးခြင်း၊ ပြည်ပ၌ မြေ၊ အိမ်ရာ၊ အဆောက်အအုံ(စာချုပ်ဖြင့် ငှားရမ်း အသုံးပြုနိုင်သော ပစ္စည်းများ) ဝယ်ယူခြင်း အပါအဝင် မရွှေ့ပြောင်း နိုင်သော မြေ၊ အိမ်ရာ၊ အဆောက်အအုံ  ဝယ်ယူခြင်းအတွက် ကန့်သတ်ချက်ကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းဟု သတ်မှတ်ထားခဲ့ရာမှ သန်း ၅၀ သို့ တိုးမြှင့်ခွင့်ပြုပေးခြင်း စသည်တို့ ပါ ဝင်ကြောင်း သိရှိရပါသည်။
ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့