Main menu

Background

၂၀၁၅ ခုနှစ်၊ ဒုတိယသုံးလပတ်၌ အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု ခန့်မှန်းထားသည်ထက် မြင့်တက်လာ

Tue, 09/08/2015 - 21:22 -- journal_editor

၂၀၁၅ ခုနှစ်၊ ဒုတိယသုံးလပတ်ရှိ  အမေရိကန်နိုင်ငံ၏ ဂျီဒီပီမှာ ၃ ဒသမ ၇ ရာခိုင်နှုန်းဖြစ်၍ မူလခန့်မှန်းထား သည့် ၂ ဒသမ ၃ ရာခိုင်နှုန်းထက် မြင့်မား နေကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၂၇ ရက် နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။  
စားသုံးသူများ၏ သုံးစွဲမှု၊  ပို့ကုန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံကဏ္ဍများတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယသုံးလ တွင် ဂျီဒီပီတိုးတက်မှုနှုန်း မြင့်မားလာရခြင်း ဖြစ်သည်ဟုဆိုသည်။စားသုံးသူသုံးစွဲမှု တိုးတက် မှုနှုန်း သည် ပထမသုံးလတာကာလတွင် ၁ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး ဒုတိယသုံး လပတ်တွင် ၃ ဒသမ ၁ ရာခိုင်နှုန်း သို့ သိသိသာသာ မြင့်တက်ခဲ့ပါသည်။ ပို့ကုန်တင်ပို့မှုမှာလည်း ပထမသုံးလတွင် ခြောက်ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ ဒုတိယသုံးလတွင် ၂ ဒသမ ၅ ရာခိုင်နှုန်း အထိ တိုးတက်ခဲ့ပါသည်။ ရေနံဈေးနှုန်းကျဆင်းမှုကြောင့် ရေနံနှင့်ဆက်နွယ်နေသည့် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခဲ့ရာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံများ လျော့ကျခဲ့သော်လည်း ယခုနှစ် ဒုတိယ သုံးလတွင် ပြန်လည် တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဝါရှင်တန်မြို့