Main menu

Background

Sony ကုမ္ပဏီက ဘယ်လ်ဂျီယံ နည်းပညာ ကုမ္ပဏီအား ရယူ

Wed, 11/04/2015 - 16:14 -- journal_editor

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ အခြေစိုက်သရီးဒီ ရုပ်ပုံနည်းပညာဆိုင်ရာ ကုမ္ပဏီတစ်ခု ဖြစ်သောSoftKinetic အား ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သည့်Sony  က ရယူလိုက်ပြီ ဖြစ်ပါသည်။ ထိုသို့ ရယူ လိုက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာSony Playstation  ထုတ်ကုန်များနှင့် ယာဉ်များအတွက် 3D self-drive feature များတွင်SoftKinetic  ၏ နည်းပညာအား ပေါင်းစပ်လို၍ဖြစ်ကြောင်း  ဖလန်းဒါး ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအေဂျင်စီက ထုတ်ပြန်ခဲ့သည့် သတင်းတစ်ရပ်အရ သိရှိရပါသည်။
ဖြူနှင်းဝတ်ရည် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့