Main menu

Background

ကိုရီးယားနိုင်ငံ၏ ပင်စင်ရန်ပုံငွေ အရည်အသွေးခိုင်မာမှုသည် ၂၅ နိုင်ငံအနက် အဆင့် ၂၄ သာရှိ

Fri, 11/06/2015 - 16:42 -- journal_editor

ပင်စင်ရန်ပုံငွေ၏ ခိုင်မာမှု အရည် အသွေးအရ ကိုရီးယားသမ္မတနိုင်ငံသည် နိုင်ငံ ၂၅ နိုင်ငံအနက် အဆင့် ၂၄တွင် သာရှိကြောင်း လေ့လာဆန်းစစ်ချက် တစ်ရပ်က ဆိုသည်။ ၎င်းင်းအောက်တွင် အိန္ဒိယနိုင်ငံသာ ရှိနေကြောင်း၊ Australian Center for Financial Studies က အောက်တိုဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည် The 2015 Melbourne Mercer Global Pension Index  တွင် ဖော်ပြခဲ့ပါသည်။ ယင်းညွှန်း ကိန်းသည် ပင်စင်ရန် ပုံငွေတစ်ရပ်၏ ပင်စင်ကြေး၊ ရန်ပုံငွေ၏ အရှည်တည်တံ့ နိုင်မှုနှင့် ပုဂ္ဂလိက ပင်စင်ရန်ပုံငွေများ လွတ်လပ်အားကောင်းစွာ ထူထောင်နိုင် မှုစနစ်စသည်တို့အပေါ် အခြေခံတွက် ချက်ထားပါသည်။အဆိုပါ ညွှန်း ကိန်းအရ ဒိန်းမတ် နှင့် နယ်သာလန်နိုင်ငံတို့၏ ပင်စင်ရန်ပုံ ငွေတို့သည် လေးနှစ်ဆက်တိုက် အဆင့် တစ်တွင် ရပ်တည်နေကြပြီး၊ ဒိန်းမတ် သည် ၈၁ ဒသမ ၇ မှတ်၊ နယ်သာလန် သည် ၈၀ ဒသမ ၅မှတ်နှင့် သြစတြီးယား သည် ၇၉ ဒသမ ၆ မှတ် တို့ အသီးသီးရရှိ ကြသည်။ အငြိမ်းစားယူ ပြီးနောက် ပင်စင်ခံစားခွင်‌့ရှိကြသည့်  ပျမ်းမျှ သက်တမ်းသည် လွန်ခဲ့သည့် ခုနစ်နှစ်က ၁၆ ဒသမ ၆ နှစ်ရှိရာမှ ယခု အခါ ၁၈ ဒသမ ၄ နှစ်သို့ တိုးလာသည်ကို တွေ့ရ သည်။ ပင်စင်စားများ၏ သက်တမ်းရှည် လာကြသဖြင့် ပင်စင်ခံစားခွင့်ရှိသည့် သက်တမ်းကို လျှော့ချရန်မဖြစ်နိုင်ချေ။ ကိုရီးယားသမ္မတနိုင်ငံတွင် ပင်စင်ခံစား ခွင့်ရှိသည့် သက်တမ်းသည် အငြိမ်း စား ယူပြီးနောက် ၂၂ ဒသမ ၈ နှစ်ဖြစ်ခဲ့ပြီး၊ ဂျပန်၏ ၂၃ ဒသမ ၆ နှစ်ပြီးလျှင် နိုင်ငံ ပေါင်း ၂၅  နိုင်ငံတွင် အရှည်ကြာဆုံးဖြစ် သည်။
သန့်ဇင် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့