Main menu

Background

တောင်ကိုရီးယား သက်ကြီးအလုပ်သမားများအချိုးသည် အိုအီးစီဒီနိုင်ငံများထက် မြင့်မားနေ

Wed, 11/11/2015 - 18:52 -- journal_editor

ကိုရီးယားသမ္မတနိုင်ငံတွင် လက်ရှိအလုပ်လုပ်လျက်ရှိကြသော သက် ကြီး ရွယ်အိုများ အရေအတွက် အချိုးအစား သည် OECDတိုင်းပြည်များရှိ ပျမ်းမျှ သတ်မှတ်ချက်ထက် သာလွန်နေခြင်းသည် နိုင်ငံအတွင်း အငြိမ်းစားယူ ပြီး နောက်ပိုင်းအထိ ဘဝနေဝင်ချိန်များ ကောင်းမွန်စေရန် ရုန်းကန် လှုပ်ရှား ရမှု များပြားလျက်ရှိကြောင်းပြဆို လျက ်ရှိ သည်။ OECD ၏ သုံးလပတ် အစီရင်ခံ စာအရ အသက် ၅၅ နှစ်မှ ၆၄ နှစ်ကြား အလုပ်လုပ်နေသူ သက်ကြီး များအချိုးအစားသည် ယခုနှစ် ဒုတိယ သုံးလပတ်တွင် ၆၅ ဒသမ ၅ ရာခိုင် နှုန်းရှိ၍ OECD၏ ပျမ်းမျှအချိုးအစား ၅၈ ရာခိုင်နှုန်း ထက်သာလွန်နေသည်ကို တွေ့ရသည်။ နိုင်ငံတွင်းသက်ကြီးများ အချိုးအစားသည်လည်း ၇၈ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်၍ OECD ပျမ်းမျှအချိုးထက် ၁၀ ရာခိုင်နှုန်း ပိုများနေသည့်အပြင် အဖွဲ့ဝင်နိုင်ငံ ၃၄ နိုင်ငံတွင် ခြောက်နိုင်ငံမြောက် အမြင့်ဆုံးဖြစ်နေသည်။ ကိုရီးယား အမျိုးသမီး သက်ကြီးများသည် ဥနဃီ ပျမ်းမျှအချိုးထက် အလုပ် အကိုင်ပိုမိုရရှိကြသည်။ ယင်းသက်ကြီး လုပ်သားများမှ ထက်ဝက်ခန့်သည် အချိန်ပိုင်းလုပ်သားများ၊ (သို့မဟုတ်) ယာယီ လုပ်သားများဖြစ်ကြသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့