Main menu

Background

တောင်ကိုရီးယားသို့ တရုတ်လူမျိုးကမ္ဘာလှည့် ခရီးသွားများ ဝင်ရောက်မှု ပြန်လည်များပြားလာမည်ဟုဆို

Thu, 02/18/2016 - 09:18 -- journal_editor

            အားလပ်ရက်ရှည်ဖြစ်သည့် လူနာနှစ်သစ်ကူးကာလအတွင်း တရုတ်ခရီးသွားဧည့်သည် ၁၅၇၀၀၀ ကျော်ခန့် ကိုရီးယားနိုင်ငံအတွင်း လာ ရောက်လည်ပတ်မည်ဟု ခန့်မှန်းထား သည်။ ကိုရီးယား ခရီးသွားလုပ်ငန်းအဖွဲ့ ၏ အချက်အလက်များအရ ယခု နှစ်အားလပ်ရက်တွင် တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သူ အရေအတွက် သည် ယမန်နှစ်ကထက် ၁၈ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရ သည်။ ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့ အနေဖြင့်လည်း ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားသား ဧည့်သည်များအတွက် ထုတ်ကုန်များကို ပိုမိုတိုးမြှင့်နိုင်ရန် အတွက်လည်း ပြပွဲများ၊ အခမ်းအနား များ ကျင်းပရန် စီစဉ်လျက်ရှိသည်။
           ယခုနှစ်တွင်တရုတ်နိုင်ငံမှကမ္ဘာလှည့်   ခရီးသွားပေါင်း ၆၀၀၀၀ ခန့် ဂျယ်ဂျူးကျွန်းသို့ လာရောက်လည်ပတ် လိမ့်မည်ဟု ခန့်မှန်းထားပြီး၊ ယမန်နှစ်ကထက် ၁၇ ဒသမ ၅ ရာခိုင်နှုန်းတိုး တက်လာရန် ခန့်မှန်းထားကြောင်း ဂျယ်ဂျူးပြည်နယ်အစိုးရ ခရီးသွား လုပ်ငန်းအသင်းမှ ပြောကြားခဲ့သည်။ ဂျယ်ဂျူးကျွန်းသို့ လာရောက်လည်ပတ်သည့် တရုတ်လူမျိုးကမ္ဘာလှည့်ခရီးသွားများကို ကူညီထောက်ပံ့နိုင်ရန်အတွက် လေဆိပ်နှင့် တည်းခိုနေထိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် အဆိုပါ နှစ်သစ်ကူးကာလအတွင်းတွင် ရိုးရာကပွဲများ၊ K-pop ဖျာ်ဖြေပွဲများ စသည်တို့ကို ကျင်းပနိုင်ရန် စီစဉ်လျက်ရှိပြီး ခရီး သွားများ အဓိကသွားရောက်သည့် နေရာများတွင် ခရီးသွားဆိုင်ရာ သတင်းအချက်အလက် များ ထောက်ပံ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့သည်။
           ချိုင်းနားဒေးလီး သတင်းစာတွင် ဖော်ပြချက်အရ တရုတ်လူမျိုး ခြောက်သန်းခန့်သည် နှစ်သစ်ကူးပွဲတော်အတွင်း ပြည်ပသို့ ခရီးထွက်ခွာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရှိရသည်။ ဂျပန်၊ တောင်ကိုရီးယားနှင့် အရှေ့တောင်အာရှ နိုင်ငံများသည် တရုတ်လူမျိုးများ ခရီးသွားလာသည့် နိုင်ငံများအဖြစ် ရေပန်းစားဆဲဖြစ်သည်။ ဂျပန်နိုင်ငံအနေဖြင့်လည်း တရုတ်ခရီးသွားများကို ဆွဲဆောင်နိုင်ရန်အတွက် multi-entry visa အတွက် လိုအပ်ချက်များ ကို အဆင်ပြေလွယ်ကူ အောင် ဆောင်ရွက်ပေးခဲ့သည်။ တောင်ကိုရီးယား နိုင်ငံသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီး သွားဦးရေသည် ယမန်နှစ်တွင် ၅ ဒသမ ၉၈သန်းရှိခဲ့ပြီး ယခုနှစ်တွင် တရုတ်ခရီးသွား ရှစ်သန်းခန့်   လာရောက် လည်ပတ်နိုင်ရန် ဆွဲဆောင်သွားမည် ဖြစ်ပြီး အုပ်စုအလိုက်လာရောက်သည့် တရုတ်လူမျိုးခရီးသွားများအတွက် ဗီဇာကြေးကင်းလွတ်ခွင့် ပေးနိုင်ရန်နှင့် ဗီဇာဆိုင်ရာစည်းမျဉ်းများ အဆင်ပြေ လွယ်ကူစွာ ဆောင်ရွက်ေ ပးသွားမည် ဖြစ်သည်။ ခရီးသွားလုပ်ငန်းမှတစ်ဆင့် နိုင်ငံခြားဝင်ငွေရရှိနိုင်ပြီး နိုင်ငံ၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့်အတွက် တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်နိုင် မည့် နည်းလမ်းများကို တီထွင်ဆန်းသစ်လျက်ရှိသည်။

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့