Main menu

Background

တောင်ကိုရီးယားနိုင်ငံ၏ FTA ကြောင့်အာရှနိုင်ငံများအကြား ကုန်သွယ်ရေးမြှင့်တင်နိုင်မည်

Thu, 02/18/2016 - 09:31 -- journal_editor

            တောင်ကိုရီးယားနှင့် နှစ်နိုင်ငံ အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များ အကောင်အထည်ဖော်ပြီးနောက် အကောက်ခွန် လျှော့ချခြင်းနှင့်အတူ တောင်ကိုရီးယား ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုပိုမို လုပ်ကိုင်နိုင်ရန် ဗီယက်နမ်နိုင်ငံ သစ်သီးထုတ်လုပ်တင်ပို့သူများက မျှော်လင့်ကြပြီး၊ နှစ်နိုင်ငံကုန်သွယ် မှုသည်လည်း နောင်ငါးနှစ်တာကာလအတွင်း နှစ်ဆခန့်မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းကြသည်။ အဆိုပါ ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက်သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ခြင်းဖြစ်ပြီး၊ ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုပေါ်တွင် အကောက်ခွန်လျှော့ချပေးထားခြင်းဖြစ်သည်။ နှ စ်နိုင်ငံလုံး သည် ပြည်တွင်း ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုကို ကာကွယ်ပေးလိုသောကြောင့် ငရုတ်ပွ အနီနှင့်ကြက်သွန်နီတို့ကိုမူ FTA စေ့စပ် ညှိနှိုင်းမှုတွင် ချန်လှပ်ထားခဲ့သည်။
           တောင်ကိုရီးယားအနေဖြင့် ဗီယက်နမ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတိုးမြှင့်နိုင်ရေး ဆောင်ရွက် လျက်ရှိပြီး၊ ၂၀၁၄ ခုနှစ်တွင် ဂျပန်နှင့် စင်ကာပူနိုင်ငံတို့ကို ကျော်လွန်ကာ အရှေ့တောင်အာရှ နိုင်ငံများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုများစွာ ပြုလုပ်နိုင်သည့် အဓိက အရင်းအမြစ်တစ်ခုဖြစ်လာခဲ့သည်။

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့