Main menu

Background

အိန္ဒိယရူပီးငွေ လွှဲပြောင်းခြင်းဆိုင်ရာဝန်ဆောင်မှုအား တောင်ကိုရီးယားနိုင်ငံတွင် ပထမဆုံးအကြိမ်မိတ်ဆက်

Tue, 02/23/2016 - 14:27 -- journal_editor

           ရှင်းဟန်ဘဏ်သည်  ဇန်နဝါရီလ ၂၁ ရက်တွင် ရှင်းဟန်ပြည်တွင်း ပြည်ပ ငွေကြေးလဲလှယ်မှုဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းကို စတင်ခဲ့ပြီး ကိုရီးယားနိုင်ငံရှိ ပင်လယ်ရပ်ခြား စီးပွားရေး ဆောင်ရွက် နေသည့် ကုမ္ပဏီများ ကို ထောက်ပံ့ပေး နိုင်ရန်နှင့် ကိုရီးယားနိုင်ငံရောက် နိုင်ငံခြားသား အလုပ်သမားများအတွက် ငွေကြေးဆိုင်ရာလုပ်ငန်းများ တွင် ပိုမိုလွယ်ကူစွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ ရှင်းဟန်ဘဏ် သည် အိန္ဒိယဈေးကွက်ကို ကမ္ဘာနှင့်လျင် မြန်စွာ ဆက်သွယ်ဆောင်ရွက်ပေးနိုင်ရန်အတွက် အိန္ဒိယရူပီးငွေလွှဲရေးဆိုင် ရာ ဝန်ဆောင်မှုလုပ်ငန်းကို ကိုရီးယား နိုင်ငံတွင် ပထမဆုံးအနေဖြင့် စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
         ယခင်က  အိန္ဒိယရူပီးကိုမှ ဒေါ်လာ နှင့် လဲလှယ်ရာတွင်လည်းကောင်း၊ အလည်အပတ်ခရီးများသွားရာတွင် လည်းကောင်း  နိုင်ငံခြားတွင်ရှိသော ဘဏ်များမှ တစ်ဆင့်သာ ငွေလဲလှယ် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အိန္ဒိ ယ နိုင်ငံသို့ငွေလွှဲပို့ရာတွင် အခက်အခဲများ စွာရှိခဲ့သည်။ ထို့ကြောင့် နိုင်ငံခြားငွေ လဲလှယ်မှုများသည် ပွင့်လင်းမြင်သာမှု နည်းခဲ့ပြီး ငွေပို့ရာတွင်လည်း အချိန် များစွာ ကြာမြင့်ခဲ့သည်။ ယခုဝန်ဆောင် မှုအသစ်အရ အချိန်နှင့်တစ်ေြ ပးညီ ငွေကြေးလဲလှယ် ဆောင်ရွက်နိုင်မည် ဖြစ်ပြီး လွှဲပြောင်းငွေကိုလည်း  သတ်မှတ်သည့်ရက်တွင် လွှဲပြောင်းပေးပို့နိုင် မည်ဖြစ်သည်။ ထို့အပြင် ယခု ဝန်ဆောင်မှုလုပ်ငန်းသည် အချို့သော နိုင်ငံခြားငွေလဲလှယ် ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်သူများကို ပိုမို စိတ်ချလုံခြုံမှုရှိစေမည် ဖြစ်သည်။
         ထို့အပြင် ရှင်းဟန်ဘဏ်သည် ပင်လယ်ရပ်ခြားတွင် ၎င်းင်းတို့နှင့် ဆက်စပ်နေသည့်ဘဏ်များ၏ ကွန်ရက်များစွာရှိသည့်အတွက် အချိန် နှင့်တစ်ပြေးညီ ငွေလဲလှယ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို စီမံခန့်ခွဲနိုင်ပြီး လုပ်ငန်းဆော င်ရွက်သူ ဖောက်သည်များအား ပိုမိုစိတ်ကျေနပ်စေနိုင်မည် ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ အနေဖြင့် ပုဂ္ဂလိကဘဏ်များ၏ တီထွင် ဆန်းသစ်မှု လုပ်ငန်းများမှ တစ်ဆင့် ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ကဏ္ဍတွင် ပိုမိုအဆင် ေြ ပချောမွေ့စွာ ဆောင်ရွက်နိုင်ရေးကို တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရ သည်။     

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ ဆိုးလ်မြို့