Main menu

Background

ဂျပန်လယ်သမားများကTPP အပေါ်စိုးရိမ်စိတ်များဖြစ်ပေါ်

Tue, 02/23/2016 - 14:39 -- journal_editor

          TPP စာချုပ်ချုပ်ဆိုပြီးဖြစ်သည့်အတွက် ဂျပန်နိုင်ငံရှိ လယ်သမား များအား ကမ္ဘာ့အဆင့်နဲ့အညီယှဉ်ပြိုင်နိုင်ရန် အစိုးရကကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ပထမ အဆင့်အနေဖြင့် အစိုးရက လယ်သမား များ အား လုပ်ငန်းများချဲ့ထွင်ရန် တိုက်တွန်းထားပါသည်။ လယ်သမားများအနေဖြင့် လုပ်ငန်းများချဲ့ထွင်၍ လယ်ယာကဏ္ဍမှ ထုတ်လုပ်မှု ကဏ္ဍသို့ ပြောင်းလဲနိုင်ရန် ကြိုးစားသင့်ကြောင်းလည်း တိုက်တွန်းထားပါသည်။
            သို့သော် ရာသီဥတုအခြေအနေ ဆိုးရွားနေခြင်း၊ ရေနံဈေးနှုန်း ကျဆင်းခြင်းတို့ကြောင့် လယ်သမားများအနေဖြင့် လုပ်ငန်းများချဲ့ထွင်ရန် မှာ မဖြစ်နိုင်သေးသည့်အတွက် စိုးရိမ်စိတ်များဖြစ် ပေါ်နေကြောင်း တင်ပြထားပါ သည်။ လယ်သမားများအနေဖြင့်လည်း လယ်ယာ လုပ်ငန်း ကိုသာ အဓိကဆောင်ရွက်လိုကြောင်းနှင့်ယှဉ်ပြိုင်နိုင်မှု မြှင့်တင်နိုင်ရေး ကိစ္စကို ကုမ္ပဏီကြီးများအနေဖြင့် လယ်ယာလုပ်ငန်းတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးရန် အ စိုးရက တိုက်တွန်းထားကြောင်း သိရှိရပါသည်။                       

 

အိအိခိုင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့