အိန္ဒိယအစိုးရသည် နိုင်ငံ၏ ခရီး သွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အတွက်e-Toursit Visa ထုတ်ပေးခြင်း အစီအစဉ်တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ စ၍ နိုင်ငံပေါင်း ၃၇ နိုင်ငံအား ထပ်မံ တိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ယခင်ကအဆိုပါအစီအစဉ် တွင် နိုင်ငံပေါင်း ၁၁၃ နိုင်ငံသာပါဝင်ခဲ့ သော်လည်း ယခုအခါ နိုင်ငံပေါင်း ၁၅၀ အထိရှိလာမည်ဖြစ်ကြောင်း သိရသည်။ထပ်မံတိုးချဲ့၍ ဆောင်ရွက်ပေး မည့်နိုင်ငံများမှာအယ်လ်ဘေးနီးယား၊ သြစတြီးယား၊ ဘော့စနီးယား၊ ဟာဇီဂိုးဗီးနား၊ ဘော့ဆွာနာ၊ ဘရူနိုင်း၊ ဘူလ်ဂေးရီးယား၊ ကိတ်ဗာဒီ၊ ကိုမိုရိုစ်၊ အိုင်ဗရီကို့စ်၊ ခရိုအေးရှား၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အီထရီယာ၊ ဂါဘွန်၊ ဂမ်ဘီယာ၊ ဂါနာ၊ ဂရိ၊ ဂီနီအာ၊ အိုက်စလန်၊ လီဆိုသို၊ လိုက်ဘေးရီးယား၊ မက်ဒါဂါစကာ၊ မာလာဝီ၊ မော်လ်ဒိုဗာ၊ နမီးဘီးယား၊ ရိုမေးနီးယား၊ ဆန်မာရီနို၊ ဆီနီဂေါ၊ ဆားဘီးယား၊ စလိုဗက်ကီးယား၊ တောင်အာဖရိက၊ ဆွာဇီလန်၊ ဆွစ်ဇာလန်၊ တာဂျစ်ကစ္စတန်၊ ထရီနီဒက် တိုဘားရိုး၊ ဇမ်ဘီယာ နှင့် ဇင်ဘာဘွေနိုင်ငံတို့ ဖြစ်ကြသည်။အိန္ဒိယအစိုးရသည် e-Tourist Visa ဝန်ဆောင်မှုအား ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပြည်ပခရီးသွားများအတွက် e-Tourist Visas ပေါင်း ပျမ်းမျှ ၃၅၀၀ ကို နေ့စဉ်ခွင့်ပြုပေး လျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့
Background