Main menu

Background

ကူဝိတ်ကုန်စည်ပြပွဲတွင် အိန္ဒိယကုမ္ပဏီများမှ ထုတ်ကုန်များ ခင်းကျင်းပြသမည်

Wed, 03/16/2016 - 13:49 -- journal_editor

      အိန္ဒိယနိုင်ငံမှ ထိပ်တန်း ကုမ္ပဏီ ၁၀ ခုကျော်တို့သည်လာမည့် သီတင်းပတ်တွင် ကျင်းပမည့် ကူဝိတ်နိုင်ငံ၏ ပထမဆုံးနိုင်ငံတကာကုန်စည်ပြပွဲတွင် လက်မှုပစ္စည်းများနှင့်ပန်းချီကားများကဲ့သို့သော ၎င်းင်းတို့၏ ထုတ်ကုန်များကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း၊ အဆိုပါပြပွဲကို ဖေဖော်ဝါရီ ၂၁ ရက် မှ ၂၇ ရက်အတွင်းကျင်းပမည်ဖြစ်ပြီး၊ ပြပွဲသို့ တက်ရောက်ခင်းကျင်းပြသရန် အတွက် အိန္ဒိယနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှထောက်ပံ့ပြီး အိန္ဒိယပို့ ကုန်လုပ်ငန်းအဖွဲ့ချုပ်(FIEO) မှ စီစဉ်မည်ဖြစ်ကြောင်း၊ ပြပွဲတွင် စကျင်ကျောက်၊ ကြေး၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသည့် လက်မှုထည်များ၊ ပန်းချီများ၊ အခြားလက်မှုထည်ပစ္စည်း များ၊ အလှဆင်လက်ဝတ်ရတနာများ၊ ပလတ်စတစ်အသုံးအဆောင်ပစ္စည်း များ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သန္တာခိုင်၊ စီးပွားရေးသံမှူးမြန်မာသံရုံး၊ ပေကျင်းမြို့