Main menu

Background

အိန္ဒိယနိုင်ငံမှ စွမ်းအင် ၅၀ ရာခိုင်နှုန်း တင်သွင်းရန်အတွက် နီပေါနိုင်ငံတွင် စွမ်းအင်အရေးပေါ် ကြေညာချက် ထုတ်ပြန်

Fri, 04/01/2016 - 10:50 -- journal_editor

စွမ်းအင်အဆမတန်လိုအပ်နေ သည့် နီပေါနိုင်ငံသည် လျှပ်စစ်ဓာတ် အား အလွန်အမင်းရှားပါးပြတ်လပ်မှု ကို ကျော်လွှားနိုင်ရန် စွမ်းအင်အရေး ပေါ် (energy emergency) အဖြစ် ကြေငြာခဲ့ပြီး  စွမ်းအင်အကျပ်အတည်း ကို ဖြေရှင်းနိုင် ရန် ၎င်းင်းတို့လိုအပ်သည့် ပမာဏ၏ ၅၀ ရာခိုင်နှုန်းကို အိန္ဒိယ နိုင်ငံမှ တင်သွင်းမည့် အစီအစဉ်အား ထုတ်ဖော်ကြေညာခဲ့သည်။နီပေါနိုင်ငံသည် လက်ရှိအခြေ အနေတွင် နေ့စဉ် ၁၃ နာရီကြာ လျှပ်စစ် မီးပြတ်တောက် မှုနှင့်ရင်ဆိုင်နေရ ကြောင်း ပြီးခဲ့သည့်  ရှစ်နှစ်တာကာလအတွင်း စွမ်းအင်အရေးပေါ်အဖြစ် ကြေညာသည်မှာ ယခုအကြိမ်သည်သုံး ကြိမ်မြောက်ဖြစ်ကြောင်း၊ နီပေါနိုင်ငံ အနေ ဖြင့် လျှပ်စစ်ဓာတ် အားပြတ် တောက် မှုကို အဆုံးသတ်ရန် ရေအား လျှပ်စစ်စက်ရုံများ တည်ဆောက်ခြင်း အပြင် နေရောင်ခြည်စွမ်းအင်နှင့်လေစွမ်းအင်များကိုပါ ရယူအသုံးပြုသွားရန် ဖေဖော်ဝါရီ ၁၈ ရက်က စီမံကိန်းတစ်ခု ချမှတ်ထားကြောင်း၊ အဆိုပါ အစီ အစဉ် အရ ပထမတစ်နှစ်အတွင်း နေရောင် ခြည်နှင့်လေအား လျှပ်စစ်များကို အသုံးပြုကာ လျှပ်စစ်ဓာတ်အား ပြတ် တောက်မှုကို အဆုံးသတ်စေမည်ဖြစ်ပြီး လာမည့်နှစ်နှစ်အတွင်း   ရေအား လျှပ်စစ်စက်ရုံများမှ ထုတ်လွှတ်သည့် ဓာတ်အားများကို အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။နီပေါနိုင်ငံ၏ လက်ရှိလျှပ်စစ် ဓာတ်အား လိုအပ်မှုမှာ ၁၄၀၀ မဂ္ဂါဝပ် ဖြစ်ပြီး၊ လျှပ်စစ်ဓာတ်အား အမြင့်ဆုံး ထုတ်လုပ်နိုင်မှုမှာ ၈၅၀ မဂ္ဂါဝပ်သာရှိ ကြောင်း၊ နီပေါနိုင်ငံသည် ရေအား လျှပ်စစ်အနေဖြင့် ၈၃၀၀၀ မဂ္ဂါဝပ် အထိ ထုတ်လုပ်နိုင်သည့် အလားအလာ ရှိသော်လည်း  လက်ရှိကာလလျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်မှုမှာ မဂ္ဂါဝပ် သုံးရာထက် အနည်းငယ်ကျော်သာရှိ ကြောင်းသိရသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့