Main menu

Background

မိုးခေါင်ရေရှားဒေသများရှိ လယ်သမားများအတွက် အကာအကွယ်ပြုသည့် လုပ်ငန်းစဉ်များစီစဉ်ထောက်ပံ့ရေး ဥပဒေမူကြမ်းအား အိန္ဒိယသမ္မတ ပရန်နတ်မူကာဂျီက လက်ခံ

Thu, 05/26/2016 - 11:09 -- journal_editor

အိန္ဒိယနိုင်ငံရှိ ပြည်နယ်အများ အပြား၌ မိုးခေါင်ရေရှားမှုနှင့်ဆိုးဆိုး ရွားရွား    ကြုံတွေ့ခံစားရလျက်ရှိရာ အိန္ဒိယသမ္မတ   ပရန်နတ်မူကာဂျီက မိုးနည်းရေရှားဒေသများ၊   သဲကန္တာရ များနှင့်   မိုးခေါင်နေသည့်ဒေသများရှိ လယ်သမားများအတွက်    အကာ အကွယ်အစီအမံများကို စီစဉ်ထောက်ပံ့ ပေးမည့်  တစ်သီးပုဂ္ဂလအဖွဲ့ဝင်များမှ တင်ပြသည့် ဥပဒေကြမ်းတစ်ခုအား ထည့်သွင်းစဉ်းစားရန်နှင့်   ကနဦး မတည်ငွေအဖြစ် လူမှုဖူလုံရေး ရန်ပုံငွေ တစ်ရပ်စီစဉ်ထားရန်   အကြံပြုပြော ကြားထားကြောင်း သိရပါသည်။၂၀၁၄ ခုနှစ်၊ မိုးနည်းရေရှား ဒေသများနှင့် သဲကန္တာရဒေသများရှိ တောင်သူလယ်သမားများဆိုင်ရာ ဥပဒေမူကြမ်းကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ လတွင်Rajya Sabha     မြို့မှ အကြီးတန်းကွန်ဂရက်ခေါင်းဆောင် Ahmed Patel  က စတင်တင်ပြခဲ့ကြောင်း၊ အဆိုပါ ဥပဒေအား အတည်ပြုပြီးဖြစ်ပါက အိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ ခေါင်းစဉ်အောက်ရှိ non-recurring  အသုံးစရိတ်တွင် ပါဝင်လာလိမ့်မည်ဖြစ် ကြောင်း၊ တစ်နှစ်လျှင်   ကုန်ကျမည့် အသုံးစရိတ်မှာ ရူပီးကုဋေ ၂၀၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ recurring  အသုံးစရိတ်    ရူပီးကုဋေ ၅၀၀၀ ကိုလည်း
 ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေတွင် ပါဝင်ဖွယ်ရှိကြောင်း သိရ ပါသည်။
အိန္ဒိယနိုင်ငံ၏   စည်းမျဉ်းစည်း ကမ်းများအရ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ အသုံးစရိတ်များ ကျခံရမည့် လုပ်ငန်းများပါဝင်သည့် ဥပဒေမူကြမ်း တစ်ခုသည် လွှတ်တော်အနေဖြင့် ထည့် သွင်းစဉ်းစား
သင့်ကြောင်း၊ သမ္မတက ထောက်ခံခြင်းမပြုပါက အဆိုပါဥပဒေ အား လွှတ်တော်မှ ပြဋ္ဌာန်းနိုင်ခြင်းမရှိ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁၇-၃ အရ အဆိုပါဥပဒေအား ထည့် သွင်းစဉ်းစားသင့်သည်
ဟု  သမ္မတက ထောက်ခံပေးပြီးဖြစ်ကြောင်း၊ အထက် လွှတ်တော်အနေဖြင့်လည်း မိုးနည်းရေ ရှားဒေသများနှင့် သဲကန္တာရဒေသများ ရှိ  တောင်သူလယ်သမားများအတွက် အကျိုးစီးပွားများ ဖော်ဆောင်ပေ
းနိုင် မည့် အဆိုပါဥပဒေအား ထည့်သွင်းစဉ်း စားသင့်သည့်    ဥပဒေများစာရင်း၌ ထည့်သွင်းထားကြောင်း၊ ၎င်းင်းဥပဒေ မူကြမ်းတွင်   ကနဦး  မတည်ငွေ ရူပီး ကုဋေ ၁၀၀၀၀ အား ဗဟိုအစိုးရမှ စီစဉ်
 ထောက်ပံ့ပေးရန် ဖော်ပြပါရှိကြောင်း သိရပါသည်။  

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး  
မြန်မာသံရုံး၊ နယူးဒေလီမြို့