အမေရိကန်နိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနသည် ၂၀၁၆ ခုနှစ် သကြားတင်သွင်းမှုအတွက် အခွန်နှုန်းခွဲတမ်း tariff-rate-quota (TRQ) တိုးမြှင့်သတ်မှတ်ချက် နှင့် ၂၀၁၇ ခုနှစ် ကြံနှင့်သန့်စင်ထားသည့် သကြား တို့ တင်သွင်းမှုအတွက် TRQ သတ်မှတ်ချက်တို့ကို ၂၀၁၆ ခုနှစ် မေလပထမပတ် အတွင်း ထုတ်ပြန်ခဲ့ပါသည်။အဆိုပါသတ်မှတ်ချက်အရ ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ၂၂၀၄၆short tons raw value (STRV) မှ ၂၀၀၀၀ metric tons raw value (MTRV) သို့ တိုးမြှင့်ခဲ့ပြီး၊ အမေရိကန်စားသုံးသူဈေးကွက်တွင် သြဂဲနစ်သကြားနှငspeci- ality sugarဝယ်လိုအားမြင့်မားမှုကြောင့် ယခုကဲ့သို့ တိုးမြှင့်ခြင်းဖြစ်ကြောင်း နှင့်မေ ၉ ရက်မှစတင် တင်သွင်းနိုင်ကြောင်း သိရှိရပါသည်။
၂၀၁၇ ဘဏ္ဍာရေးနှစ် ကြံသကြား(ကြမ်း) တင်သွင်းမှု သတ်မှတ်ချက် မှာ ၁၂၃၁၄၉၇ short tons raw value (STRV) ဖြစ်ပြီး၊ ယင်းပမာဏသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ သတ်မှတ်ထားသော လယ်ယာထွက် ကုန်စည် သဘောတူညီချက်များအရ အမေရိကန်နိုင်ငံမှ သဘောတူထားသည့် အနည်းဆုံးပမာဏဖြစ်ကြောင်း၊ အဆိုပါ ပမာဏ သတ်မှတ်ချက်စည်းမျဉ်းအရ ကြံသကြား(ကြမ်း) တင်သွင်းရန်အတွက် ခွဲတမ်း သတ်မှတ်ချက် အသိအမှတ် ပြုလက်မှတ်(quota eligibility certificate )နှင့်အတူ ၂၀၁၇ ခုနှစ် စက် တင်ဘာ ၃၀ ရက်မတိုင်မီ အမေရိကန်နိုင်ငံသို့ အရောက်တင်ပို့ရန် လိုအပ် မည်ဖြစ်ပါ သည်။ အဆိုပါပမာဏသတ်မှတ်ချက်ကို အမေရိကန် ကုန်သွယ် ရေးကိုယ်စားလှယ်ရုံးမှ အမေရိကန်နိုင်ငံသို့ သကြားတင်ပို့ရောင်းချနေသည့် နိုင်ငံများနှင့် အကောက်ခွန်ဧရိယာများသို့ ဖြန့်ဝေပေးမည်ဖြစ် သည်။
၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် သန့်စင်ပြီးသကြား တင်သွင်းမှု သတ်မှတ်ချက်မှာ 178,575 short tons raw value (STRV) ဖြစ်ပြီး၊ ယင်း ပမာဏအနကshort tons raw valu 156,149 short tons raw value (STRV) တင်သွင်းရန် လျာထားပါ သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ လယ်ယာထွက် ကုန်စည် သဘောတူညီချက်များအရ အမေရိကန်နိုင်ငံမှ သဘောတူထား သည့်သန့်စင်ပြီးသကြား အနည်းဆုံး တင်သွင်းမှု သတ်မှတ်ချက် ၂၄,၂၅၁(STRV) အနက် ၁၈၂၅ (STRV) speciality တင်သွင်းရန်ဖြစ်ကြောင်း သိရှိရပါသည်။speciality sugar မ သည် သန့်စင်ပြီးသကြား အမျိုးအစားတွင်ပါဝင်ပြီးspeciality sugar tariff-rate-quota ရရှိရန်အတွက် အမေရိကန်နိုင်ငံ စည်း ဝါးညှိ အကောက်ခွန်စနစ် ခေါင်းစဉ်ခွဲ၁၇၀၁.၉၁.၁၀.၀၀၊ ၁၇၀၁. ၉၉.၁၀.၁၀၊ ၁၇၀၂.၉၀.၁၀.၀၀၊ (သို့မဟုတ်) ၂၁၀၆.၉၀. ၄၄.၀၀ အရ အမျိုးအစား သတ်မှတ်ချက်နှင့်ကိုက်ညီရန် လိုအပ်မည်ဖြစ်ပါသည်။ ကြံသကြား(ကြမ်း)တွင်မူspeciality sugar သတ်မှတ်ချက်မရရှိနိုင်ပါ။
အမေရိကန်နိုင်ငံ၏speciality sugar တင်သွင်းမှု ခွဲတမ်းသည် ဦးရာ လူစနစ်ဖြစ်ပြီး၊ အမေရိကန်လယ်ယာစိစိုက်ပျိုးရေးဝန်ကြီးဌာနမှ ဈေးကွက် ရှာဖွေနိုင်ရန် နှစ်တစ်နှစ်အတွင်း တင်သွင်းနိုင်သည့်သတ်မှတ်ချိန် ကို ထုတ် ပြန်သတ်မှတ်ထားပါသည်။ ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် speciality sugar တင်သွင်းနိုင်သည့် အချိန်သတ်မှတ်ချက်ငါးပိုင်း သတ်မှတ်ထားပါသည်။
(က) speciality sugar အမျိုးအစားများအတွက်
(က-၁) ၃-၁၀-၂၀၁၆ ရက်နေ့တွင်စုစုပေါင်း ၁၈၂၅STRV
(ခ) သြဂဲနစ်သကြားနှင့်လက်ရှိ အမေရိကန်နိုင်ငံအတွင်းစီးပွား ဖြစ် ထုတ်လုပ်လျက်ရှိသည့် (သို့မဟုတ်) ပြည်တွင်းမှ ရာသီအလိုက်ရရှိနိုင် သည့်speciality sugar မဟုတ်သည့် အခြားအမျိုးအစား
speciality sugar များ အတွက်
(ခ-၁) ၂၆-၁၀-၂၀၁၆ ရက်နေ့တွင် စုစုပေါင်း ၄၄,၀၉STRV
(ခ-၂) ၆-၁-၂၀၁၇ ရက်နေ့တွင် စုစုပေါင်း ၄၄,၀၉၂STRV
(ခ-၃) ၇-၄-၂၀၁၇ ရက်နေ့တွင် စုစုပေါင်း ၃၃,၀၆၉STRV
(ခ-၄) ၇-၇-၂၀၁၇ ရက်နေ့တွင် စုစုပေါင်း ၃၃,၀၆၉STRVဟူ၍ သတ်မှတ်ထားကြောင်း သတင်းရရှိသည်။
ဥမ္မာအေး၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဝါရှင်တန်မြို့