Main menu

Background

တောင်ကိုရီးယားက စီးပွားရေးလှုံ့ဆော်တွန်းအားပေးရေး မူဝါဒကို ကြေညာမည်

Wed, 06/22/2016 - 12:37 -- journal_editor

          တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးကို  ဒုတိယနှစ်ဝက် အတွင်း ထူးထူးခြားခြားမြှင့်တင်ပေးနိုင်မယ့် ဘဏ္ဍာရေးမူဝါဒ တွေကို အစိုးရကကြေညာတော့မှာ ဖြစ်တယ်လို့ စီးပွားရေး ထပ်မံကျဆင်းမှာကို စိုးရိမ်မှုများကြီးထွားေ နချိန်မှာ တောင် ကိုရီးယားဘဏ္ဍာရေးဝန်ကြီးကပြောကြောင်း ယွန်းဟပ် သတင်းမှာ ဖော်ပြပါတယ်။ စီးပွားရေးအတွက် အဓိကမောင်းနှင်အားဖြစ်တဲ့ ပို့ကုန် များ တင်ပို့မှုကျဆင်းခြင်းက   စီးပွားရေးတစ်ခုလုံးအပေါ်မှာ ဝန်ထုပ် ဝန်ပိုးဖြစ်စေခဲ့တဲ့အတွက်   ယခုနှစ် နှစ်စပိုင်းမှစပြီး တောင်ကိုရီးယားစီးပွားရေးက အကျဘက်ကိုရောက်ရှိခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုက လွန်ခဲ့တဲ့တစ်နှစ်ကနဲ့နှိုင်းယှဉ်ရင် ယခုနှစ်ဧပြီလမှာ ၂ ဒသမ ၈ ရာခိုင် နှုန်း ကျ ဆင်းခဲ့ပြီး ဒုတိယမြောက်လအဖြစ် ဆက်တိုက်ကျဆင်း ခဲ့ပါတယ်။ မတ်လကအခြေအနေနဲ့နှိုင်းယှဉ်ရင်လည်း ကျ ဆင်းခဲ့တာကို တွေ့ရပါတယ်။
          လာမယ့်လတွေမှာ စီးပွားရေးဖွံ့ဖြိုးမှုကို တွန်းအားပေး နိုင်ဖို့အတွက် လှုပ်ရှားမှုတစ်ရပ်အဖြစ်  တောင်ကိုရီးယားဗဟို ဘဏ်အတိုးနှုန်းကို ဇွန်လဆန်းပိုင်းက ၁ ဒသမ ၂၅ ရာခိုင်နှုန်း အထိ လျှော့ချပေးခဲ့ပါတယ်။ "ကျွန်တော် တို့က ပြည့်စုံလုံလောက်တဲ့ ဘဏ္ဍာရေး မူဝါဒကိုချမှတ်ဖို့  စဉ်းစားနေပါတယ်။ စီးပွားရေးပြန်လည် ဦးမော့လာဖို့အတွက် အစိုးရကအစွမ်းကုန် ကြိုးပမ်းနေပါတယ်။  စီးပွားရေးဖွံ့ဖြိုးမှုအတွက် ဘဏ္ဍာရေးဘက်က အထောက်အပံ့ပြု သွားမှာဖြစ်ပါတယ်"လို့ ဘဏ္ဍာရေးလုပ် ငန်းရှင်များနဲ့ ဆိုးလ်မြို့မှာ တွေ့ဆုံချိန်က ဘဏ္ဍာရေးဝန်ကြီး ယူးအီးဟိုက ပြောပါတယ်။