
ဇွန်လတွင် မိုးရွာသွန်းမှုနည်းသဖြင့် တိရစ္ဆာန်အစားအစာအတွက် အဓိက ကုန်ကြမ်းဖြစ်တဲ့ ပြောင်းဈေးမြင့်တက် လာဖွယ်ရှိတာကို ထိန်းကျောင်းနိုင်ရန်အလို့ငှာ အိန္ဒိယ ဗဟိုအစိုးရအနေနဲ့ ပြည်ပမှ တန်ချိန် ၅ သိန်းကို ကိုတာနှုန်းထားTariff Rate Quota-TRQ) အောက်နဲ့ တင်သွင်းသွားရန် အကြံပြုပြောကြားပါတယ်။
ဇွန်လအတွင်းမှာ ပြောင်းဈေးဟာ တစ်ကီလိုဂရမ်ကို ၁၃ ရူးပီးမှ ၁၆ ရူပီးအထိ ၂၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ ပါတယ်။ တိရစ္ဆာန်အစားအစာနဲ့ စားသောက်ကုန် လုပ်ငန်းများက ပြည်ပမှ ပြောင်းများကိုTRQ (အခွန်ကင်း လွတ်ခွင့်) နဲ့ တင်သွင်း ခွင့်ပြုရန် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ယမန်နှစ်ကလည်း တင်ဒါစနစ်နဲ့ တန်ချိန် ငါးသိန်းခန့် တင်သွင်းရန် စီစဉ်ခဲ့သော်လည်း တန်ချိန် နှစ်သိန်းခွဲသာ တင်သွင်းခဲ့ပါ တယ်။ အစိုးရ အနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကိုတာစနစ်နဲ့ ပြောင်းအသစ် တန်ချိန် ငါးသိန်း ထပ်မံတင်သွင်းရန် အစိုးရပိုင်းဆိုင်ရာလုပ်ငန်း (Public Sector Firm) ကိုပြောကြားလိုက်ပါတယ်။အပြည်ပြည်ဆိုင်ရာဈေး ကွက်မှာ မျိုးရိုးဗီဇပြုပြင်ထားသောေ ကြာင့် (Gen- etically Modified-GMO) များဈေးကျနေပြီး အမေရိကန်ပြောင်းဈေးကတော့ ကောင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယကတောGMOမဟုတ်တဲ့ပြောင်း ကိုတာ တင်သွင်းခွင့်ပြုမှာဖြစ်ပြီး အပြည်ပြည် ဆိုင်ရာဈေး ကွက်မှာ လိုအပ်သလောက် ဝယ်ယူရနိုင်မှာမဟုတ်ကြောင်း၊GMO ထက်ပင်ဈေးမြင့်နေနိုင်ကြောင်း၊ ွြဥ တာဝန်ခံကပြောကြားပါတယ် ။ ဇွန်လအတွင်းမှာ ပြောင်းတန်ချိန် ၅၀၀၀၀ ကို တိရစ္ဆာန်အစားအစာနဲ့ စားသောက်ကုန်လုပ်ငန်းရှင်များအား တင်သွင်းခွင့်ပြုခဲ့ပါ တယ်။ ဂူဂျာရတ်ဆိပ်ကမ်းရောက် တန်ဖိုးCNF (Cost & Freight) တစ်တန်ကို ၂၅၄ -၂၅၅ ဒေါ်လာနှုန်းနဲ့ တင်ဒါတစ်စောင်ရရှိထားပြီးဖြစ်တယ်။ ပြည်တွင်းဈေး တစ်ကီလိုဂရမ် ၁၈ ရူပီးထက် ဈေးမြင့်နေတယ်လို့သိရပါတယ်။GMO မဟုတ်တဲ့ပြောင်းများကို ယူကရိန်းနိုင်ငံထွက် ပြောင်းသစ်များကို နိုဝင် ဘာလလောက်မှာ သင်္ဘောတင်နိုင်မယ်၊ CIF (Cost , Insurance, Freight) ဈေး တစ်တန်ကို ၂၅၀ မှ ၂၆၀ဒေါ်လာနှုန်း ရှိနိုင်တယ်လို့မျှော်မှန်းကြောင်း ကောက်နှံနဲ့ ဆီထွက်သီးနှံအသင်းမှ Yadav ကပြောကြားတယ်လို့ Economictimes india times မှာ ဖော်ပြထားပါတယ်။
CMK