အိန္ဒိယနိုင်ငံတွင် နှစ်နှစ်ဆက် တိုက် မိုးခေါင်ရေရှားမှုဒဏ်ခံခဲ့ရသည့် အတွက် ပြည်တွင်းပဲထုတ်လုပ်မှုလျော့ ကျခဲ့ပြီး၊ ပဲလိုအပ်မှုတန်ချိန်ခုနစ်သန်းဖြစ် ပေါ်လျက်ရှိရာ ပဲတစ်ကီလိုဈေးနှုန်းမှာ ရူပီး ၂၀၀ အထိမြင့်တက်လာ ခဲ့သည်။ ပဲဈေးနှုန်းမြင့်တက်မှုအရှိန် နှေးကွေးလာ စေရန်အတွက်အစိုးရအချင်းချင်းညှိနှိုင်း သညG2G လမ်းကြောင်းကို အခြေခံ၍ ကာလတို၊ ကာလရှည်ဖြင့် ပဲများတင် သွင်းရေး လေ့လာစုံစမ်းရန် စားသုံးသူ ရေးရာဦးစီးဌာန အတွင်း ဝန် ဖြစ်သူ ံHem Pandeိ ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့အား မိုဇမ် ဘစ်နိုင်ငံသို့ အိန္ဒိယအစိုးရမှ စေလွှတ် ခဲ့သည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့ တွင် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာန နှင့်နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း ဖြစ် သည့်MMTC Limited မှ အဆင့်မြင့် အရာရှိများလည်း ပါဝင်ကြောင်းသိရပါသည်။
ထို့ပြင် အိန္ဒိယနိုင်ငံသည် ပဲတင် သွင်းမှုကိစ္စရပ်များ ဆွေးနွေးရန်အတွက် မြန်မာနိုင်ငံသို့လည်းအခြား ကိုယ်စား လှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားပြီးဖြစ် သည်။ မြန်မာနိုင်ငံနှင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ပထမအဆင့်အနေဖြင့် ပဲစင်းငုံတန် ချိန် ၅၀၀၀၀၀ ခန့် တင်သွင်း ရန် ကိစ္စရပ်များ ပါဝင်သည်ဟုဆိုသည်။ သို့ရာတွင် အိန္ဒိယသို့ ပဲတင်ပို့ရောင်းချ ခြင်းအား မြန်မာနိုင်ငံအနေဖြင့် အစိုးရ ပိုင်းမှတာဝန်ခံဆောင်ရွက်ရန်မှာ လုံ လောက် သည့် အခြေခံ အဆောက်အအုံ များ မရှိသေးသည့်အတွက် စိုးရိမ်ပူပန်မှု များရှိသည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံကဲ့သို့ ပြည်သူ့ရေးရာ ကုန် သွယ်မှု အေဂျင်စီများဖြစ်သည့်MMTC နှင့်STC ကဲ့ သို့သော အစိုးရကိုယ်စား လှယ်အဖွဲ့ များဖွဲ့စည်းတည်ထောင်ထား ရှိခြင်းမရှိသဖြင့် ယင်းအချက်အား စိုးရိမ်မိကြောင်း ပြောကြားခဲ့ကြသည်။
အိန္ဒိယနိုင်ငံသည် အာဖရိက တိုက်ရှိ မိုဇမ်ဘစ်နိုင်ငံအပြင် မာလာဝီ ကဲ့သို့သော အခြားနိုင်ငံများတွင်လည်း အိန္ဒိယနိုင်ငံ၏ဝယ်လိုအားပမာဏ ပြည့်မီရန် ပဲစိုက်ပျိုးမည့်လယ်မြေများ ငှားရမ်းစိုက်ပျိုးရန်အတွက် အခွင့် အလမ်းများ ရှာဖွေလျက်ရှိကြောင်း၊ ၂၀၁၅-၁၆ သီးနှံရာသီအတွင်း အိန္ဒိယ နိုင်ငံ၏ပဲဝယ်လိုအားမှာ တန်ချိန် ၂၃ ဒသမ ၅ သန်းဖြစ်ပြီး၊ ပဲအထွက်နှုန်းမှာ တန်ချိန် ၁၇ ဒသမ ၀၆ သန်းခန့်သို့ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့