Main menu

Background

ရက်သတ္တပတ်အတွင်း စီးပွားရေးသတင်းတိုများ

Fri, 07/15/2016 - 15:38 -- journal_editor

မနီလာ
    အစိုးရကမိုက်ကရို၊ အသေးစား နဲ့အလတ်စား  စီးပွားရေးလုပ်ငန်း တွေကို အားပေးမယ်လို့  စီးပွားရေး လုပ်ငန်းခေါင်းဆောင်တွေက ယုံ ကြည်မှုရှိနေတဲ့အတွက် ဖရန်ချိုက် ခေါ် လုပ်ငန်းခွဲများထူထောင်မယ့် လုပ်ငန်းတွေ  များပြားလာလိမ့်မယ်၊ လောလောဆယ်  ဖရန်ချိုက်စနစ်နဲ့ ဖိလစ်ပိုင်ဈေးကွက်ထဲဝင်ဖို့ တာစူ နေတဲ့ ပြည်ပကုန်အမှတ်တံဆိပ် ၁၅၀ ခန့်ရှိတယ်လို့ ဖိလစ်ပိုင် ဖရန် ချိုက်အသင်းဥက္ကဋ္ဌက ပြောကြောင်း ဖိလစ်ပင်းစတား သတင်းမှာ ဖော်ပြ ပါတယ်။

ဗန်ကောက်
    တရုတ်စီးပွားရေးသမားတွေက စာရွက်စာတမ်း အထောက်အထား အတုတွေသုံးပြီး  ခရီးသွားလုပ်ငန်း ဆောင်ရွက်နေတဲ့  ဖူးခက်ရှိခရီးသွား လုပ်ငန်း ၁၃ ခုကို   နိုင်ငံခြားစီးပွားရေး လုပ်ငန်းဥပဒေ(Foreign Business Act)  အရ စီးပွားရေးလုပ်ငန်းလိုင်စင်  ရုပ်သိမ်းခဲ့ကြောင်း နေးရှင်းသတင်း မှာ ဖော်ပြပါတယ်။
စင်ကာပူ
    အာရှဒေသတွင်း လာမယ့်နှစ် တွေမှာ အလုပ်အတော်များများကို စက်ရုပ်တွေနဲ့ အစားထိုးမယ်ဆိုပေ မယ့် ဒီနည်းပညာကိုကိုင်တွယ်လုပ် ကိုင်နိုင်မယ့် ကျွမ်းကျင်လုပ်သား တွေလိုမယ်၊ဒါကြောင့်(Science,  Technology, Engineering, Maths- STEM)  ဆိုတဲ့ ဘာသာရပ်တွေကို  ကျောင်းသားတွေက အာရုံစိုက်သင် ယူသင့်တယ်လို့ ဇူလိုင် ၇ရက်က ထုတ်ပြန်တဲ့ အိုင်အယ်လ်အို အစီရင်ခံစာမှာဖော်ပြထားကြောင်းစထရိတ် တိုင်းမ်သတင်းမှာ ဖော်ပြထားပါတယ်။

ဆိုးလ်
    ပြည်တွင်းသုံးစွဲမှု   တိုးတက် အောင်ဆောင်ရွက်ခဲ့ပေမယ့် ပြည် တွင်းလုပ်သားဈေးကွက်က   ဆက် လက်ကျဆင်းနေတဲ့အတွက် တောင် ကိုရီးယား  စီးပွားရေးအခြေအနေက ဆက်လက် ကျဆင်းနေလိမ့်ဦးမယ် လို့ ဇူလိုင် ၈ ရက်က မဟာဗျူဟာနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန် တဲ့အစီရင်ခံစာမှာ   ဖော်ပြထားပါ တယ်။