Main menu

Background

ဂျပန်နဲ့ ဆွေးနွေးပွဲ ပျက်ပြားပြီးနောက် တောင်ကိုရီးယား လက်လီလုပ်ငန်းများက ငါးပေးသွင်းမည့်သူရှာဖွေ

Fri, 07/15/2016 - 15:40 -- journal_editor

ယခင်  ရက်သတ္တပတ်အတွင်း ဂျပန်နဲ့   ပြုလုပ်ခဲ့တဲ့  ငါးဖမ်းယူရေး သဘောတူညီချက် စေ့စပ်ညှိနှိုင်းမှုများ  ပျက်ပြားခဲ့ရပြီးနောက်   ပြည်တွင်းမှာ လူကြိုက်များတဲ့    ငါးများပေးသွင်း မယ့်သူများကို    တောင်
ကိုရီးယား လက်လီလုပ်ငန်းရှင်များက   စတင်ရှာ ဖွေလျက်ရှိကြောင်း ယွန်းဟပ်သတင်း မှာ ဖော်ပြပါတယ်။ဆွေးနွေးပွဲတွေ ပျက်ပြားသွားပြီ ဆိုတဲ့အတွက် နှစ်နိုင်ငံစလုံးက အခြား တစ်နိုင်ငံရဲ့   သီးသန့်ရေပိုင်နက်ဇုန် ထဲကို ဝင်ရောက်ငါးဖမ်းခွင့်ရှိတော့မှာ မဟုတ်ပါဘူး။   ဒါကြောင့် ကိုရီးယား စားသုံးသူတွေ   အကြိုက်များတဲ့  ငါး နှစ်မျိုးဖြစ်တဲ့ Belt Fish   နဲ့  မက်ကရယ် ငါးနှစ်မျိုးရဲ့ ရောင်းလိုအားကို ထိခိုက်မှု ရှိစေနိုင် ပါတယ်။
ဂျပန်နဲ့ပြန်ပြီး    စေ့စပ်ညှိနှိုင်း တော့မှာ  မဟုတ်ဘူးဆိုရင်   တရုတ်၊ အမေရိကန်ပြည်ထောင်စုနဲ့    ကနေဒါ တို့ အပါအဝင်  အခြားနိုင်ငံတွေကနေ ငါးတွေကို မှာယူတော့မှာဖြစ်ကြောင်း   စူပါမားကက်လုပ်ငန်းတွေ ကို ဆောင် ရွက်နေတဲ့ အီးမတ်က   ပြောပါတယ်။ လောလောဆယ်မှာအီးမတ်က  နော်ေ၀ နဲ့ စကော့တလန်ကနေ မက်ကရင်ငါးကို တင်သွင်းလျက်ရှိပြီး  Belt Fish   ကို တော့အခြားရရှိနိုင်တဲ့ဒေသတွေ ဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုက တင်သွင်းဖို့ စီစဉ်ထား ပါတယ်။
လက်လီရောင်းချရေး လုပ်ငန်း အများစုကတော့   ပင်လယ်ဝါဒေသနဲ့ ဂျယ်ဂျူကျွန်းစုက ဖမ်းယူရရှိတဲ့  မက် ကရင်ငါးတွေကို    ယခုနှစ်ကုန်အထိ ဝယ်ယူရရှိမှာဖြစ်ပြီး Belt Fish   ငါးတွေ ကိုတော့အောက်တိုဘာ အထိ ဝယ်ယူ ရောင်းချနိုင်မှာဖြစ်ပါတယ်။  ဒါပေမယ့် အဲဒီအချိန်နောက်ပိုင်းတွေမှာ    ဂျပန် နိုင်ငံနဲ့ စာချုပ်  ချုပ်ဆိုဖို့ အဆင်မပြေ  ဘူးဆိုရင်တော့  အခြားရနိုင်တဲ့ နေရာ တွေက      
ဝယ်ယူရောင်းချရမှာဖြစ် ကြောင်း  တာဝန်ရှိသူတွေက ပြောပါ တယ်။ ငါးရရှိနိုင်မယ့်   အခြေအနေကို စူးစမ်းလေ့လာဖို့အတွက် တောင်ကိုရီး ယားရဲ့ အဓိက   ငါးဖမ်းနယ်မြေတွေ ဖြစ်တဲ့ ဆူဆန်နဲ့  ဂျယ်ဂျူကိုဝယ်လက် စေလွှတ် ထားကြောင်း  အခြားလက်လီ လုပ်ငန်းစုကြီးဖြစ်တဲ့  ဟုမ်းပလပ်စ်က ပြောကြားပါတယ်။