Main menu

Background

အိန္ဒု- ကော့ကရိတ် လမ်းပိုင်းအား China Road and Bridge Co.,Ltd. ( CRBC) က အဆင့်မြှင့်တင်ဆောင်ရွက်မည်

Thu, 07/28/2016 - 10:49 -- journal_editor

တရုတ်ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည့် China Road  and  Bridge Co.,Ltd. ( CRBC)  သည်  မြန်မာနိုင်ငံ အိန္ဒု- ကော့ကရိတ်လမ်းပိုင်း တိုးတက် ကောင်းမွန်ရေးစီမံကိန်း( လမ်းပိုင်း ၁ နှင့် ၂ ) လုပ်ငန်း ဆောင် ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုမိန့်ရရှိခဲ့ကြောင်း၊ မြန်မာ နိုင်ငံ၌ အစိုးရသစ်တာဝန်ယူပြီး  နောက်ပထမဆုံးလုပ်ငန်းခွင့်ပြုမိန့်ရရှိသည့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ ကုမ္ပဏီ ဥက္ကဋ္ဌMR . Wen Gang    ကပြောကြားပါသည်။  ထိုလမ်းကွန်ရက်မှာ အရှေ့ အနောက် စီးပွားရေး စြင်္ကံလမ်း၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ၆၅ ကီလိုမီတာ ရှည်လျားကာ ကရင်ပြည်နယ်၌တည်ရှိသည်။ အဆိုပါလမ်းမှာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ ကြား လမ်းပန်းဆက်သွယ်မှုအတွက် အချက်အချာကျရုံသာမက ဒေသ စီးပွား ဖွံ့ဖြိုးရေးအတွက်လည်း အရေးကြီးသည့် စီမံချက်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားထားပါသည်။
အရှေ့တောင်အာရှနိုင်ငံအများစုမှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှု လိုအပ်ချက်များရှိကြောင်း  ထိုအားနည်းချက်မှာ အစိုးရ၏ဝင်ငွေကို ကျဆင်းစေပြီး ပြည်သူများ၏   လူနေထိုင်မှုဘဝကိုထိခိုက်နိုင်ကြောင်း၊ အခြေခံအဆောက် အအုံ လုပ်ငန်းများအပေါ် ပြည်တွင်းပြည်ပရင်းနှီး မြှုပ်နှံမှုသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုး တက်စေရန် အဓိကအချက်ဖြစ်ကြောင်း သုံးသပ်ထားပါသည်။ China National Development and Reform Com-mission  က အဆိုပါစီမံ ကိန်း၏ ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ သန်း ၆၀၀ နှင့် ၇၀၀ ကြားရှိမည်ဟု ခန့်မှန်းထားပါသည်။
CRBC သည် အာရှ၊ အာဖရိက ၊ အမေရိကနှင့် ဥရောပရှိ နိုင်ငံ ပေါင်း၅၀ ၌ ကုမ္ပဏီရုံးခွဲများရှိပြီး အခြေခံအဆောက်အအုံလုပ်ငန်းများ ဖြစ်သည့် အမြန်လမ်း၊ ရထားလမ်း၊ လေဆိပ်၊ တံတား၊ တူးမြောင်း တည် ဆောက်ခြင်း အပြင် ရေပြုပြင် ထိန်းသိမ်းရေးနှင့် အခြားစည်ပင်သာယာရေး လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံနေကြောင်း သိရှိရပါသည်။
    သန္တာခိုင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့