Main menu

Background

စင်ကာပူသားတို့အတွက် အလုပ်အကိုင် အာမခံချက်ရှိမှုက လစာကောင်းရရှိမှုထက် ပိုမိုအရေးပါ

Thu, 07/28/2016 - 15:39 -- journal_editor

အလုပ်အကိုင်   ရှာဖွေရာတွင် စင်ကာပူနိုင်ငံသားတို့အတွက် အလုပ် အကိုင်အာမခံချက်ရှိမှုက လစာအနည်း အများထက် ပိုမိုအရေးပါလာကြောင်း ဇူလိုင် ၂၀ ရက်က ထုတ်ပြန်တဲ့   ''Car- eerBuilder Singapore''နှစ်ပတ်လည် စစ်တမ်းမှာ ဖော်ပြထားကြောင်း စထ ရိတ်တိုင်းမ် သတင်းမှာ   ဖော်ပြထား ပါတယ်။အလုပ်အကိုင်ရှာဖွေရေးလုပ် ငန်း    ''Employer of Choice 2016 Survey ''မှာ ဖော်ပြထားတဲ့ အသက် မွေးဝမ်းကျောင်းလုပ်ငန်း    ဖွံ့ဖြိုးမှုနဲ့ အခွင့်အလမ်းများ၊ လုပ်ငန်းခွင်သဘာ၀ နဲ့ ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်အခြေ အနေ     စတဲ့အချက်တွေမှာလည်း အလုပ်အကိုင်  အာမခံချက်ရှိမှုက ထိပ် ဆုံးမှပါဝင်နေတာကို တွေ့ရပါတယ်။
''ယခုနှစ်     စီးပွားရေးဖွံ့ဖြိုးမှု အနေအထားအရ  ဒီလိုဖြစ်လာတာက လည်း အံ့သြစရာ မဟုတ်ဘူး''    လို့  Career  Buider  Singaporeရဲ့ စစ် တမ်းမှာ ဖော်ပြထားပါတယ်။စစ်တမ်း ကို   ၂၀၁၆ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ တာဖြစ်ပြီး စစ်တမ်းမှာပါဝင်သူ အရေ အတွက် စုစုပေါင်းမှာ ၁၈၃၇ ဦးရှိပါတယ်။
အဓိကအားဖြင့်    လုပ်ငန်းသစ် တွေမှာ လေ့လာသင်ယူနိုင်တဲ့ အခွင့် အလမ်းတွေ   ပိုမိုများပြားတဲ့အတွက် လုပ်ငန်းသစ်တွေမှာ  ဝင်ရောက်လုပ် ကိုင်သူ စင်ကာပူနိုင်ငံသားများ ပိုမိုများ ပြားလာတာကို တွေ့ရကြောင်း စစ်တမ်း မှာဖော်ပြထားပါတယ်။စင်ကာပူနိုင်ငံသားတို့ ရွေးချယ် တဲ့လုပ်ငန်းတွေအနက် အွန်လိုင်းရှော့ ပင်းဆိုက်တစ်ခုဖြစ်တဲ့  Carousell က ထိပ်ဆုံးမှာရှိနေပြီး  အွန်လိုင်းရောင်းချ ရေးလုပ်ငန်း Redmart   နဲ့ အွန်လိုင်း ငွေကြေး ပိုတယ်တစ်ခုဖြစ်တဲ့ Money Smart တို့က အစဉ်အလိုက် ပါဝင်နေ တာကို တွေ့ရပါတယ်။
''လုပ်ငန်းသစ်တွေက   အရှိန် ကောင်းရနေပြီး ပြည်တွင်းမှာရော ပြည်ပ မှာပါ အသိအမှတ်ပြု ခံနေရပါတယ်။ လုပ်ငန်းကျွမ်းကျင်မှု    အသစ်တွေကို လေ့လာလိုသူနဲ့    လုပ်ငန်းသစ်တွေမှာ ဝင်ရောက်လုပ်ကိုင်သူတွေ များပြားလာ တဲ့အတွက်    လုပ်ငန်းသစ်တွေက ထိ ရောက်တဲ့     လူသားအရင်းအမြစ်ထူ ထောင်ရေး    အစီအစဉ်ဆောင်ရွက်ဖို့ ကလည်း အရေးပါတဲ့  အခန်းကဏ္ဍက ပါဝင်လာပါတယ်''လို့  Career  Builder Singapore  ရဲ့ ဈေးကွက်ရှာဖွေရေးဌာန ညွှန်ကြား ရေးမှူး မစ္စဂျက်စီကာအန်းက ပြောပါတယ်။ဂူဂဲလ်၊ စင်ကာပူ အဲလိုင်းနဲ့ ချန်ဂီ လေဆိပ်တို့ကလည်း  ပုဂ္ဂလိက ကဏ္ဍရှိ လုပ်ငန်းရှင်များအနက်     ထိပ်ဆုံးနေ ရာကို နှစ်နှစ်ဆက်တိုက် ထိန်းသိမ်းထား ဆဲဖြစ်ပါတယ်။