Main menu

Background

ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့်အိန္ဒိယနိုင်ငံတို့ကို ဖြတ်သန်းသွယ်တန်းမည့် ကီလိုမီတာ ၆၉၀၀ ရှည်လျားသည့် ဓာတ်ငွေ့ပိုက်လိုင်းအာအကောင်အထည်ဖော်ရန် အစီအစဉ်ရှိ

Tue, 08/30/2016 - 14:57 -- journal_editor

        အိန္ဒိယအစိုးရသည် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယအရှေ့ မြောက်ဒေသနှင့် အနောက်ဘင်ဂေါလ် ပြည်နယ်တို့ကို ဖြတ်သန်းသွယ်တန်းမည့် ကီလိုမီတာ ၆၉၀၀ ခန့်ရှည်လျားသည့် ဓာတ်ငွေ့ပိုက် လိုင်းစီမံကိန်းကြီး ေ ဆာင် ရွက် မည့် အစီ အစဉ်ရှိကြောင်း Oil and Natural Gas Corpotation Ltd (ONGC) ၏ အမှုဆောင်ဒါရိုက်တာဖြစ် သူ S.C.Sori  ကပြောကြားထားကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ အတွက် ချမှတ် ထားသည့် Hydrocarbon Vision 2030 ၂၀၃၀ ၏ အစိတ်အပိုင်းတစ်ရပ် အနေ ဖြင့် အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း အား ဆောင်ရွက်ရန်လျာထားပြီး၊ မြန်မာ နိုင်ငံ (စစ်တွေ)၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ (စစ်တကောင်း)နှင့် အိန္ဒိယအေ ရှ့ မြောက်ဒေသပြည်နယ်များရှိ ှSiliguri  မြို့နှင့် Durgapur မြို့များကို ချိတ်ဆက် သွယ်တန်းရန်လျာထားကြောင်း သိရပါ သည်။
         လက်ရှိအခြေအ နေတွင် အိန္ဒိယအရှေ့မြောက်ဒေသရှိ ဓာတ်ငွေ့ပမာဏအများအပြားမှာ သုံးစွဲသူများထံသို့ ပိုက် လိုင်းတပ်ဆင်ပေးနိုင်ခြင်း မရှိသည့်အတွက် မီးလောင်ကျွမ်းနေပြီး၊ အလဟဿပြုန်းတီးနေကြောင်း၊ အိန္ဒိယ နို င်ငံရှိ သီးခြားလုပ်ကွက်နှင့် လုပ်ကွက်ငယ်များမှ ဓာတ်ငွေaရာင်းချမှုနှင့် ဆက်စပ်နေသည့်မူဝါဒမှာ ရောင်းချသူများဘက် တွင် အလေးသာနေသောကြောင့် ONGC နှင့် Oil India Ltd ကုမ္ပဏီကြီးများ အနေဖြင့် ၎င်းတို့၏ ဓာတ်ေ ငွ့များအား အပြည့်အဝaရာင်းချနိုင်ခြင်း မရှိသည့်အတွက် မီးလောင်ကျွမ်းနေပြီး လေလွင့်ဆုံးရှုံးမှု များဖြစ်ပေါ်နေကြောင်း၊ သို့ဖြစ်၍ အဆိုပါ စီမံကိန်းသည် ၎င်းင်းတို့အတွက် အပြု သဘောဆောင်သည့် ရည်ရွယ်ချက်များ ရှိကြော င်း၊ စီမံကိန်းအရ Liquefied Petroleum Gas (LPG) စက်ရုံတစ်ခုကို စစ်တကောင်းမြို့၌ ဖက်စပ်တည်ဆောက်ရန် ယခုနှစ် ဧပြီလက Bangladesh Pet-roleum Corporation (BPC) နှင့် Indian Oil  Corporation  (IOC) တို့အကြား သဘောတူညီချက်တစ်ခု လက်မှတ် ရေးထိုးခဲ့ကြောင်း၊ အဆိုပါစက်ရုံသည် အိန္ဒိယ အရှေ့မြောက်ဒေသနှင့် စစ်တ ကောင်းမြို့တို့အား ဓာတ်ငွေ့ပိုက်လိုင်း ချိတ်ဆက်သွယ်တန်းရာ၌ အကူအညီ ဖြစ်စေမည်ဖြ စ်ကြောင်း သိရပါသည်။
        ထို့ပြင်အာသံ ပြည်နယ်ရှိ Numa-ligarh Refinery Ltd (NRL) နှင့် Bang-ladesh Petroleum Corporation (BPC) တို့အကြား အရောင်းအဝယ် သဘောတူညီချက်စာချုပ်တစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ေ ကြာင်း၊  အဆိုပါသဘောတူညီချက်အရ အိန္ဒိယနိုင်ငံမှ အိမ်နီး ချင်းနိုင်ငံများသို့ ဒီဇယ်ဆီ (High Speed Diesel - HSD) ထောက်ပံ့ရောင်းချရန်အတွက် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါလ် ပြည်နယ်ရှိ Siliguri မြို့မှ ဘင်္ဂလားေ ဒ့ရှ် နိုင်ငံရှိ Rarbatirun မြို့သို့ ဆက်သွယ် မည့် ပိုက်လိုင်းတစ်ခု သွယ်တန်းသွားမည် ဖြစ်ကြောင်းသိရပါသည်။ ယခုသဘောတူညီချက်များသည် ပြီးခဲ့သည့်နှစ် ဇွန်လက အိန္ဒိယဝန်ကြီး ချုပ်နရိန္ဒရာမိုဒီ နှင့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီး ချုပ် ရှိတ်ဟာဆီနာတို့၏ ဆွေးနွေး ညှိနှိုင်းမှုများကို အကောင်အထည်ဖော် ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရက်သတ္တ ပတ်ကလည်း စီမံကိန်းနှင့် စပ်လျဉ်းသည့် အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးကို ဂူဂါရတ်တီ၌ ကျင်းပခဲ့ေ ကြာင်း သိရပါသည်။ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် အိန္ဒိယ အရှေ့မြောက်ဒေသနှင့် အနောက် ဘင်ဂေါလ်ပြည်နယ်တို့အကြား ဒီဇယ်၊ ဓာတ်ငွေ့နှင့်ဓာတ်ငွေ့များ သယ်ယူပို့ ဆောင်နိုင်ရန် သွယ်တန်းမည့် ပိုက်လိုင်း တပ်ဆင်ခြင်း စီမံ ကိန်းနှင့် စပ်လျဉ်း၍ အပြီးသတ်ဆွေးနွေးမည့် ဒုတိယ အကြိမ် မြောက် အစည်းအဝေးကို ယခု နှစ် နောက်ပိုင်းတွင် အာဂါတလာ၌ ကျင်းပ ရန် လျာထားကြောင်း သိရပါ သည်။

 

ယဉ်ယဉ်နွယ် စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့