
တရုတ်(တိုင်ပေ)ကNew Southbound Policy ကို ကျင့်သုံးပြီး အာဆီယံဒေသတွင်းရှိ နိုင်ငံများနဲ့ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အဖွဲ့ဝင်သုံးနိုင်ငံမှ ခရီး သည်များအတွက် ဗီဇာလျှောက်ထားမှုစည်းမျဉ်းများကို စက်တင်ဘာ ၁ ရက်နေ့ ကလျှော့ချပေးခဲ့ကြောင်း ချိုင်းနားပို့စ်သတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၁ ရက်ကစပြီး မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံကူး လက်မှတ်ကိုင်ဆိုင်သူများအနေဖြင့် တရုတ်(တိုင်ပေ)ခရီးသွားလာခွင့် လက်မှတ(Travel Authorization Certificate) ကိုအွန်လိုင်းကနေ လျှောက် ထားခွင့်ပေးထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
TAC လက်မှတ်ရရှိသူတွေက တရုတ်(တိုင်ပေ)မှာရက် ၃၀ အထိ နေထိုင်ခွင့်ရှိပြီး ဗီဇာသက်တမ်းရက် ၉၀ အတွင်း အကြိမ်ကြိမ်ဝင်ထွက် ခွင့်ရှိပါတယ်။ ဒီအသိအမှတ်ပြုလက်မှတ်တွေကို ယခင်က အိန္ဒိယ၊ အင်ဒို နီးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့မှ ခရီးသွားတွေကို ထုတ်ပေးခဲ့ပါတယ်။
TAC ကိုလျှောက်ထားနိုင်ဖို့အတွက်လျှောက်ထားသူရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းက အနည်းဆုံးခြောက်လရှိရ ပါမယ်။ တရုတ်(တိုင်ပေ)ကိုသွားမယ့်လေယာဉ်လက်မှတ်နဲ့ အဲဒီကိုသွားမယ့်ဗီဇာရှိရပါမယ်။ တရုတ် (တိုင်ပေ)မှာ စက်ရုံလုပ်သားများ(Blue-collar workers) အဖြစ် ဆောင် ရွက်ခဲ့သူတွေအနေနဲ့ လျှောက်ထားခွင့်မရှိပါဘူး။
ဒါ့ပြင်လျှောက်ထားသူများအနက် သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ အမေရိကန်ပြည်ထောင်စု၊ ယူကေနဲ့Schengen အစီအစဉ်မှာပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံက ထုတ်ပေးတဲ့ အထောက် အထားတစ်ခုခုကို ရရှိထားဖို့လိုအပ်ပါတယ်။ အဆိုပါအထောက်အထား စာရွက်စာတမ်းတွေက အမြဲတမ်းနေထိုင်ခွင့်ကတ် သို့မဟုတ် နေထိုင်ခွင့် သက်တမ်းမကုန်သေးတဲ့ ဗီဇာကတ် (အီလက်ထရွန်နစ်ဗီဇာ အပါအဝင်) တရုတ်(တိုင်ပေ) သို့မဟုတ် မလာရောက်မီ လွန်ခဲ့တဲ့ ၁၀ နှစ်က သက် တမ်းကုန်ဆုံးခဲ့တဲ့ နေထိုင်ခွင့်ကတ် သို့မဟုတ် ဗီဇာကတ်တို့ဖြစ်ပါတယ်။
တစ်ဦးချင်းအနေနဲ့ ဗီဇာလျှောက်ထားမည်ဆိုပါကhttp://niaspeedy.immigration.gov.tw/nia- southa east/ မှာ လေ့လာဆောင်ရွက်နိုင်ပြီး အဖွဲ့လိုက်ဆိုပါက့ http://visawebapp.boca.gov.dv/ BOCA-MRVWeb/မှာ လေ့လာဆောင်ရွက်နိုင်ပါတယ်။