
ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမှာ အလွတ်သဘော ဆွေးနွေးပွဲအဖြစ် ဆော်ဒီအာရေးဘီးယားနဲ့ ရုရှားနိုင်ငံတို့ ရေနံထုတ်လုပ်မှုနဲ့ ဈေးနှုန်းကိစ္စကို ဆွေးနွေးခဲ့ရာမှာ ရရှိခဲ့တဲ့ ရလဒ်တွေကို ကာတာနိုင်ငံက စက်တင်ဘာ ၅ရက် တွင် ကြိုဆိုခဲ့ကြောင်း ပင်နင်စူလာ ကာတာ သတင်းမှာ ဖော်ပြပါတယ်။အစည်းအဝေးပြီးနောက် ဆော် ဒီအာရေးဘီးယားနဲ့ ရုရှား နှစ်နိုင်ငံစလုံးက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး ရေနံဈေးကွက်မှာရေနံအပိုအလျှံ မရှိ အောင် ပူးပေါ င်းဆောင် ရွက်မှာ ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။ဈေးကွက်ကို ကြီးကြပ်ဖို့နဲ့ ဈေး ကွက် တည်ငြိမ်ပြီး ရေနံထုတ်လုပ်ရေး လုပ်ငန်းမှာပုံမှန်ရင်းနှီး မြှုပ်နှံရေး အတွက် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ လည်း သဘောတူ ခဲ့ကြ ပါ တယ်။ ကမ္ဘာ မှာ ရေနံအများဆုံးထုတ်လုပ်တဲ့ နိုင်ငံ ကြီးနှစ်နိုင်ငံရဲ့ကြေညာချက်ကို ထောက်ခံ ကြောင်း ကာတာနိုင်ငံ စွမ်းအင်နှင့် စက်မှု ဒေါက်တာမိုဟာမက်ဘင်ဆာလဲ အယ်လ်ဆာဒါက ပြောပါတယ်။ဒေါက်တာ အယ်လ်ဆာဒါ က အယ်လ်ဂျီးရီးယား စွမ်းအင် ဝန်ကြီး နူရီဒင်ဘိုတာဖာနဲ့အိုပက်အထွေထွေ အတွင်းရေးမှူး မိုဟာမက် ဆာနူဆီဘာ ကင်ဒိုနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ရေနံဈေး ကွက် ကိစ္စများကို ပေါင်းစပ်ညှိနှိုင်းရေး နဲ့ စက်တင်ဘာအတွင်း အယ်လ်ဂျီးရီး ယားမှာ ကျင်းပမယ့် အိုပက်အဖွဲ့ အလွတ်သဘော အစည်းအဝေးကျင်းပ ရေး ကိစ္စကို ဆွေးနွေးခဲ့ကြောင်း သူက ပြောပါတယ်။ကာတာနိုင်ငံက အိုပက်အဖွဲ့ ဥက္ကဋ္ဌ တာဝန်ကို ယူထားရတဲ့ အတွက် ရေနံဈေးကွက်မှာ ဈေးနှုန်း တည်ငြိမ်မှု အတွက် အခြားအဖွဲ့ဝင်များနဲ့အတူ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာအယ်လ်ဆာဒါက ပြောပါ တယ်