Main menu

Background

ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်အတွက် တိဘက်ဒေသ၏ ခရီးသွားလုပ်ငန်းက များစွာ အထောက်အကူဖြစ်လာ

Tue, 09/27/2016 - 10:52 -- journal_editor

တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ   ပြည်သူများသည် လွန်ခဲ့ သည့်နှစ် အနည်းငယ်မှစတင်၍ ခရီးသွားလုပ်ငန်းမှ စီးပွားရေးအကျိုး အမြတ်ရရှိလာခဲ့ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက်လည်းအထောက် အကူဖြစ် လာကြောင်း စက်တင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် တတိယအကြိမ် တရုတ်-တိဘက် နိုင်ငံတကာခရီးသွား လုပ်ငန်းနှင့် ယဉ်ကျေးမှုပြပွဲ အခမ်းအနား၌တိဘက်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက် ရေးဌာန မှ ပြောကြား ပါသည်။တိဘက်ဒေသအစိုးရအဖွဲ့လုပ်ငန်း အစီရင်ခံစာ -၂၀၁၆ အရ ၂၀၁၅ ခုနှစ်အတွင်းက တိဘက်ဒေသသို့ ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည် သန်း ၂၀ ကျော် လာရောက်လည်ပတ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၂ ဘီလီယံ ဝင်ငွေရရှိရာ၊ ဂျီဒီပီ၏ ၂၇ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရှိရပါသည်။ လွန်ခဲ့သည့် ငါးနှစ်အတွင်း ခရီးသွားဧည့်သည် ၆၇ သန်း ဝင်ရောက်ခဲ့ရာ ခရီးသွားလုပ်ငန်းမှတရုတ်ယွမ် ၈၇ ဒသမ ၅ ဘီလီယံ ဝင်ငွေရ ရှိခဲ့ပြီး နှစ်စဉ် ၂၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အစီရင် ခံစာ၌ ဖော်ပြထားပါသည်။တိဘက်၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာသည့်အတွက် အခြေခံ အဆောက်အအုံများ ပိုမိုတိုးတက်ေ အာင် ဆောင်ရွက်ေ နပြီး ဒေသ ခံ ပြည်သူများကိုလည်း ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့်လုပ်ငန်း များ၌ပူးပေါင်းလုပ်ကိုင်ကြရန်နှင့် အရည်အသွေး ပြည့်ဝသည့် ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းကြရန် တိုက်တွန်းထားကြောင်း သိရှိရပါ သည်။
ဆင်းရဲမှုပပျောက်ရေးဒေသဆိုင်ရာ အဖွဲ့အစည်းများက ခရီးသွား လုပ်ငန်းနှင့် ဆက်နွယ်သည့် လုပ်ငန်းများ၌ ငွေကြေးထောက်ပံ့ ထားပြီး ခရီးသွားလုပ်ငန်းနှင့်သက်ဆိုင်သည့် သင်တန်းများကိုပြုလုပ်ပေးလျက် ရှိပါသည်။ တိဘက်ဒေသအစိုးရအနေဖြင့်လည်း လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများ၌ များစွာရင်းနှီးထားပြီး မြို့တော် လာဆာ ကို ကမ္ဘာ၌ ခရီးသွား ဆွဲဆောင်မှုရှိသည့်နေရာတစ်ခုအဖြစ်လည်းကောင်း၊ နီယင်ချီမြို့ကို ဂေဟဗေဒဆိုင်ရာ ခရီးသွားမြို့အဖြစ်လည်းကောင်း မျှော်မှန်းဆောင်ရွက် မည်ဖြစ်ကြောင်း သိရှိရပါသည်။
သန္တာခိုင်၊  စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ ပေကျင်းမြို့