Main menu

Background

တရုတ်၌ ကျောက်မီးသွေးနှင့် သံမဏိစက်ရုံများ၏ ပိုလျှံထုတ်လုပ်မှုကို လျှော့ချမည်

Thu, 11/10/2016 - 14:53 -- journal_editor

        တရုတ်နိုင်ငံ၌ လက်ရှိကြုံတွေ့ နေရသည့် အကြီးစားစက်မှုလုပ်ငန်း များ အထူးသဖြင့် သံမဏိနှင့်ကျောက် မီးသွေးစက်ရုံများ၏ ထုတ်လုပ်နိုင်စွမ်း ပိုလျှံနေမှုကို လာမည့်နို ဝင်ဘာလကုန်၌ သတ်မှတ်တန်ချိန်အတိုင်း လျှော့ ချ နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ယင်းရည်မှန်းချက်ပြည့်မီရန်အတွက် ကြီးကြပ်စစ်ဆေးမှုလုပ်ငန်းများအား ယခုထက်ပို၍ အားစိုက်ဆောင်ရွက်ကြရန် အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (National Deve lopment and Reform Commission (NDRC)) က တိုက် တွန်းပြောကြား လိုက်ပါသည်။
         ပုဂ္ဂလိကစက်ရုံများတွင် ထိုကဏ္ဍနှစ်ခုလုံး၏ ယခုနှစ်ကုန်တွင် လျှော့ချ ရမည့်ရည်မှန်းချက်၏ ၈၀ ရာခိုင်နှုန်းကို စက်တင်ဘာလကုန်က ရောက်ရှိခဲ့ကြောင်း၊ အချို့သော နိုင် ငံ ပိုင်စီးပွားရေးလုပ်ငန်းများ၌ ထုတ်လုပ်မှု လျှော့ချ ရမည့် နှစ်ကုန်ရည်မှန်းချက် မှာပြည့်မီခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။ ယခုနှစ်ကုန်တွင် ကျောက်မီးသွေး မက်ထရစ်တန် ၂၈၀ နှင့် သံမဏိ ၄၅ မက် ထရစ်တန် ထုတ်လုပ်မှုလျှော့ချမည်ဟု သိရှိရပါသည်။
          ယခုအောက်တိုဘာလ ဆန်းပိုင်း ၌ နိုင်ငံတော်ကောင်စီမှ စုံစမ်းစစ်ဆေး ရေးအဖွဲ့များ ဖွဲ့စည်းစေလွှတ်၍ ရည် မှန်းချက်အောင်မြင်အောင် ဆောင်ရွက် နေကြောင်း သို့သော်ဝယ်လိုအားထက် ထုတ်လုပ်မှုပိုလျှံနေခြင်းကို သိသိသာ သာလျှော့ချနိုင်ရန် လိုအပ်နေသေး ကြောင်း သိရှိရပါသည်။ ၂၀၂၀ ခုနှစ်၌ ကမ္ဘာ့ကျောက်မီး သွေးဝယ်လိုအား တန်ချိန် ၄ ဒသမ ၁ ဘီလီယံရှိမည်ဟု ခန့်မှန်းထားပြီး ထုတ်လုပ်မှုလျှော့ချနေသော်လည်း တန်ချိန် ၄ ဒသမ ၆ ဘီလီယံအထိရှိနိုင်ကြောင်း ဖော်ပြထားပါသည်။ လတ်တလော ၌ ကျောက်မီးသွေးနှင့် သံမဏိဈေးနှုန်းများ ကျဆင်းနေခြင်းသည်လည်း အခက်အခဲတစ်ခုဖြစ်နေပြီး အစိုးရအနေဖြင့် ယခုကဲ့သို့ကာလတို ရည်မှန်း ချက်ထားရှိ ကာ ဆောင်ရွ က်နေခြင်းထက် ဈေးကွက်အခြေခံဆုံးဖြတ်စေသည့် နည်းလမ်း(Market-based Approach)ကိုလည်း စဉ်းစားသင့်ကြောင်း National Resource Defense Council ကသုံး သပ်ပြောကြားထားပါသည်။

 

သန္တာခိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ပေကျင်းမြို့