Main menu

Background

အိန္ဒိယရူပီးငွေစက္ကူသစ်များအား ATMs စက်များတွင် နိုဝင်ဘာ ၁၀ ရက်မှ စတင်ထုတ်ယူနိုင်

Thu, 11/17/2016 - 11:11 -- journal_editor

        လက်ရှိအသုံးပြုနေသည့် ရူပီး ၅၀ဝ တန်နှင့် ၁၀ဝ၀ တန်ငွေစက္ကူများ အား တရားမဝင်အဖြစ်ကြေညာပြီး ငွေစက္ကူ သစ်များ ရိုက်နှိပ်ထုတ်ဝေလိုက်သည့် အတွက် လိုအပ် သည့် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ရန် နိုဝင်ဘာ ၉ ရက် တွင် အိန္ဒိယနိုင်ငံရှိ ဘဏ်များအားလုံး ပိတ်ထားခဲ့ပြီး၊ နိုဝင်ဘာ ၁၀ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သို့ဖြစ်၍အသစ်ရိုက်နှိပ်ထုတ်ဝေလိုက်သည့် ရူပီး ၅၀ဝ တန်နှင့် ၂၀ဝ၀ တန် ငွေစက္ကူ သစ်များအား ATMs စက် များတွင် နိုဝင်ဘာ ၁၀ ရက်သောကြာနေ့မှ စတင် ထုတ်ယူနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် အခက်အခဲအချို့နှင့် ရင်ဆိုင်ရနိုင်သော်လည်း အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် အစိုးရအနေဖြင့် အစီအစဉ်များစွာကို ပြု လုပ်ထားကြောင်း၊ ပြည်သူများအနေဖြင့် ATMs စက်များမှ ငွေထုတ်ယူ နိုင်သကဲ့သို့ ဘဏ်များတွင် လည်း ငွေလဲလှယ်နိုင်ကြောင်း၊ အစိုးရ အနေဖြင့် ငွေမည်းအဖြစ် သတ်မှတ် လိုက်သည့် ရူ ပီး ၅၀ဝ တန်နှင့် ၁၀ဝ၀ တန်များအား လည်ပတ်နေရာမှ ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းမှာ တရားမဝင် ငွေကြေးများနှင့် ငွေတုများ၊ အကြမ်း ဖက် တိုက်ခိုက်မှုများအား ဖြိုခွင်းလိုသည့်အတွက် ဖြစ်ကြောင်း၊ သို့ဖြစ်၍ အစိုးရ၏ ကြိုး ပမ်းဆောင်ရွက်မှုများကို ပြည်သူများအနေဖြင့် အမှန်တကယ် လက်ခံနားလည်မည်ဟု ယုံြ ကည်ပါကြောင်း၊ ပြည်သူများ တွေ့ကြုံလာမည့် အခက်အခဲများ၊ အဆင်မပြေမှုများကိုလည်း အစိုးရက ပူးပေါင်း ဖြေရှင်းဆောင်ရွက် ပေး သွားမည်ဖြစ်ကြောင်း၊ အလယ်အလတ် ကာလတစ်ခု ကြာမြင့်ပါက ယခုလုပ်ဆောင်ချက်၏ အကျိုးကျေးဇူးများကို ပိုမိုသိမြင်လာနိုင် မည်ဖြစ်ကြောင်း အိန္ဒိယ စီးပွားရေး အကြံပေး အရာရှိချုပ်က ပြောကြားထား ပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့